1

2.1K 188 26
                                    

" ဝှူး အခုခေတ်ကလေးတွေတယ်ဆိုးတာပဲ ဟေ့ ဟိုကလေး မင်းအုပ်ထိန်းသူရော "

ရဲတပ်ကြပ် ပတ်ဂျုံဆောင်းက အကြောဆန့်ရင်း တိုင်ကိုမှီအိပ်နေတဲ့ ကျောင်းသားလေးကို မေးလိုက်သည် ။

ဒီလိုခေတ်ကြီးထဲ ရဲလုပ်ရတာမလွယ် ။ ပိုက်ဆံရှိအသိုင်းအဝိုင်းက ကလေးတွေက ထစ်ခနဲရှိ ဟိုနားချိန်းထိုးရတာနဲ့ ၊ ဒီနားချောင်းရိုက်ရတာနဲ့ ။ အရေးထဲ သူတို့မိဘတွေက သူတို့သားလေးတွေတစ်ခုခုကျိုးပဲ့လာရင် ရဲစခန်းကိုမေးငေ့ါကြသေး ။

အခုလဲ သူဌေးသားလေးတွေမှန်းသိသာတဲ့ ကောင်ဆိုးလေးတွေချိန်းရိုက်ဖို့ပြင်နေကြတုန်း ပတ္တရောင်လှည့်တာနဲ့ကြုံသဖြင့် အကုန်လုံးကို ရဲကားပေါ်ဆွဲတင်လာခဲ့တာ ။

တစ်ချို့ကလေးတွေကတော့ မိဘတွေကိုချက်ချင်းဖုန်းဆက်ခေါ်ကြတာမို့ အုပ်ထိန်းသူနဲ့ပြန်လွှတ်လိုက်ပြီးပြီ ။ အခုသူ့အရှေ့က မျက်နှာဝိုင်းဝိုင်းနဲ့ကလေးကတော့ ရောက်ကတည်းက ဂျုံဆောင်းဝယ်ထားတဲ့ ပြောင်းဖူး၂ဖူးကို " နည်းနည်းစားမယ်နော် " ဆိုပြီး သနားကမားရုပ်ကလေးနဲ့ ချွဲလာတာမို့ ပြီးပြီးရော တစ်ဖူးကျွေး -- ကျွေး ။

" ဟင် ငါ့ပြောင်းဖူးလေးတွေရော ... "

" ဟို တိုင်မှီနေတဲ့ကလေး အကုန်စားလိုက်ပြီ "

" စားစရာလား အဲ့တာ ငါတောင်မစားရက်မသောက်ရက်ဝယ်စုထားရတာဟ "

" အဲ့တာသူ့သွားပြောလေ စားတာငါလဲမဟုတ်ဘူး "

တဖြည်းဖြည်းနဲ့ငိုသံပါလာတဲ့ ဂျုံဆောင်း ကို တစ်ခွန်းမခံပြန်အော်နေတဲ့ တပ်ကြပ်ပတ်ဆောင်းဟွန်း ... ။

သူဌေးအိမ်က ကလေးဖြစ်ပြီး ဘာလို့ ဒီိလိုရဲစခန်းကပြောင်းဖူးကိုမှ သဲကြီးမဲကြီးစားရတာလဲလို့ အားးးး !

တကယ်တော့ ဒီပြောင်းဖူးက ဂျုံဆောင်းအမေယတြာချေပေးထားတာ ။ ဒီဌာနကနေ Busanဘက် ဌာနပြောင်းခံရမှာစိုးလို့ မပြောင်းဖူးဆိုတဲ့သဘောနဲ့ ။

Go Away ! (pjs.yjw)Where stories live. Discover now