2 Zawgyi

435 13 0
                                    

" ပတ်ဂျုံဆောင်း နင်ညဘက်ကြီးမအိပ်ပြန်ဘူးလား ဘယ်ရည်းစားလင်နောက်လိုက်ပြန်ပြီလဲ ..  "

လေလှိုင်းတစ်ဖက်ကနေ ကြားရတဲ့ အမေ့အသံကြောင့် ဂျုံဆောင်းက တဟားဟားရယ်တယ် ။ ရဲဝင်ခွင့်ဖြေတုန်း ဂျုံဆောင်းရည်းစားဉီး အိမ်ထောင်ကျသွားတုန်းကလဲ ဒီလိုပဲ အမေ့ဆီ မနက်၃နာရီကြီးဖုန်းဆက်ပြီးငိုခဲ့တာ ။

အခုတော့ ပိုဆိုးပါတယ် ။ သေဘေးလေ ။

" အမေကလဲ သားလေးတစ်ယောက်ရှိပါတယ် ။  ဖုန်းလေးဆက်မိတာငြိုငြင်တာလား "

" နင့်အသံဘာဖြစ်နေတာလဲ ။ အသက်၂၇နှစ်ထိရည်းစားမရနိုင်သေးတဲ့ ကိုယ့်ဘဝကြီးကိုယ်တွေးပြီးဝမ်းနည်းနေတာလား "

အမေနဲ့ ဂျုံဆောင်းကဒီလိုပဲ ။ သူငယ်ချင်းပေါင်းပေါင်းကြတာ ။ တအားကြောက်လန့်နေပေမယ့် အမေ့အသံကြားတော့ ထရယ်မိရသား ။

အမေနဲ့ဖုန်းပြောပြီးတော့ မျက်လုံးတွေတအားကြောင်နေတာမို့ အိပ်လို့မရတော့တာနဲ့ ဝရန်တာထွက်ပြီး ဆေးလိပ်ဖွာနေမိရသည် ။ အမေကတော့ ထုံးစံအတိုင်း မိန်းမယူဖို့တိုက်တွန်းနေပြန်တာပါပဲ ။

အမေ့သားလေးက အခုတော့ ချောက်ထဲကျပြီထင်ပါရဲ့ ။

ဆေးလိပ်မီးကို ခွက်ထဲထိုးချေလိုက်ရင်း အိပ်ရာဝင်ခဲ့တော့တယ် ။

ယောက်ျားဘဲ လာမယ့်ဘေးရဲရဲပြေးတွေ့ --

မတွေ့နိုင်ပါဘူး အခုတော့ တုန်နေတာပျောက်အောင်စောင်ခေါင်းမြီးခြုံပြီးမျက်လုံးမှိတ်ထားတော့မယ် ။

•~•

မနက်မိုးလင်းတော့ ဂျုံဆောင်းက အူကြောင်ကြောင်ရယ် ။

မှတ်မိသလောက်ပြန်တွေးကြည့်ရရင် သူအိပ်မက်ထဲ ပျားရည်သောက်နေတုန်း Suitအနက်ရောင်နဲ့လူတွေ သူ့အခန်းတံခါးကို တဒုန်းဒုန်းလာထုတယ် ။ သူ့ကိုမျက်နှာသစ် ၊ သွားတိုက်ခွင့်လေးတောင်မပေးဘဲ ဆွဲခေါ်လာကြတာ ။

အခု သမ္မတအိမ်ပြာတော်ရဲ့ အဝတ်လဲခန်းထဲ ဂျုံဆောင်းခမျာ ညစ်တီးညစ်စုတ်နဲ့ ယောင်ချာချာ ။

" ရော့ ရေမိုးချိုးပြီး ဒါလဲဝတ် နာရီဝက်အတွင်း အဆင်သင့်လိုချင်တယ် "

Go Away ! (pjs.yjw)Where stories live. Discover now