5 ( Unicode )

970 154 19
                                    

" ဂျောင်ဝန်း ကိုယ် ဒီစကားကိုပြောဖို့ အချိန်တွေစောနေသေးမှန်းသိပေမယ့် ကိုယ်တို့လက်ထပ်ကြမလား ... "

နူးနူးညံ့ညံ့ကြည့်ပြီး လူကိုခြွေချနေတဲ့ ဂျုံဆောင်းကြောင့် ဂျောင်ဝန််းက ငိုမိတော့မလိုပါပဲ ။

" ကိုယ်မင်းကို တာဝန်ယူချင်တယ် ။ မင်းကောင်လေးဖြစ်ချင်တယ် ။ ဘဲကြီးတို့ ပတ်ဂျုံဆောင်းတို့မဟုတ်ဘဲ ကိုယ့်ကို ကိုကိုလို့ပဲခေါ်ပါတော့ကွယ် ... "

" ဟာ ..  ဒီကိုကိုဗျာ .. အာဘွားအကြီးကြီးပေးပစ်မယ် "

" သခင်လေး ထရမယ့်အချိန်ရောက်ပါပြီ ..  "

ဂျောင်ဝန်း မျက်လုံးတွေဖွင့်ကြည့်လိုက်တော့ ခုနက သူ့ကိုလက်ထပ်ခွင့်တောင်းနေသည့် ကိုကိုဂျုံဆောင်းလဲမရှိ ။ သူ အိပ်မက်ယောင်ရင်း ကန်ချထားဟန်ရှိသည့် ခွလုံးလေးနှစ်လုံးက ကုတင်အောက်ခြေမှာခွေခွေလေး ။

အိပ်မက်ပေါ့ .... အားးး ပတ်ဂျုံဆောင်းကို အဖြေပေးခါနီးဆဲဆဲမှာ ဘယ်သူအကျင့်ယုတ်ပြီးလာနှိုးတာလဲကွား ။

" ပတ်ဂျုံဆောင်းရော ပတ်ဂျုံဆောင်းဘယ်ရောက်နေလဲ ။ မျက်လုံးဖွင့်တာနဲ့ ပတ်ဂျုံဆောင်းကလွဲ ဘယ်သူမှမမြင်ချင်ဘူးလို့ပြောထားတယ်လေ "

" ပတ်ဂျုံဆောင်းက မလာတော့ပါဘူး "

လန့်ဖြန့်ပြီး ငေါက်ခနဲထထိုင်တဲ့ ဂျောင်ဝန်းကို အိမ်တော်ထိန်းကြီးက ပြန်ရှင်းပြရှာသည် ။

" ခွင့် ခွင့်ယူထားတာပါ "

ဂျောင်ဝန်းက မကြည်မသာနဲ့ပဲ အိပ်ရာထဲက ကုန်းထတယ် ။ ကိုကိုဂျုံဆောင်းကိုမမြင်ရဘဲ စရတဲ့ မနက်ခင်းက နည်းနည်းတောင် ကျက်သရေမရှိဘူး ။

" ဘယ်သူခွင့်ပေးတာလဲ ။ သူ့ကို ကျွန်တော်ပိုင်တယ်လေ ... ! ကျွန်တော်ပိုင်တာပါဆို ကျွန်တော် ... "

" ဖေဖေခွင့်ပေးလိုက်တာ "

တံခါးဖွင့်ဝင်လာသည့်ဖေဖေက ဂျောင်ဝန်းကိုကြည့်ပြီး မျက်နှာထားတင်းတင်းနဲ့ ။

" သူ ဒီရောက်နေတုန်း သားအနားပဲကပ်နေရတာ ။ ဒီတစ်နေ့လေး သူ့အိမ်သူနေပါစေပေါ့ "

Go Away ! (pjs.yjw)Where stories live. Discover now