1. သားကလေးငယ်ငယ်အဖေရတော့မယ်။
အခန်းထဲကိုအလင်းရောင်ဝင်လာတာနဲ့ ပိုင်မေဘယ်လ်တစ်ယောက် ကုတင်ပေါ်က ကမန်းကတန်းထရတယ်။
သားသားကျောင်းမသွားခင် မနက်စာထမင်းဘူးပြင်ရမှာဖြစ်လို့ ခုနှစ်နာရီမထိုးခင် သူထနေကျ။"ပြီးပြီလားအန်တီ"
"အကုန်အသင့်ဖြစ်ပါပြီမမလေး မမလေးချက်ရုံပါပဲ"
"ကျေးဇူး "
အသားငါးလှီးတာတွေသူမလုပ်ပေမယ့် သားသားက သိတတ်စအရွယ်ကတည်းက သူချက်တာပဲစားတယ်။
အပျိုကြီးဖြစ်တဲ့မေဘယ်လ်အတွက် အချက်အပြုတ်သိပ်မတတ်ပေမယ့် သားသားအတွက်ဆို မလုပ်နိုင်တာကိုမရှိ။"မာမား !"
အိပ်ရာကနိုးလာတဲ့ သားသားက မျက်လုံးကလေးမပွင့်တစ်ပွင့်နဲ့ ထမင်းစားပွဲမှာဝင်ထိုင်တယ်။
မေဘယ့်လ်အကို လိုဂန်ပိုင် ဝယ်ပေးထားတဲ့ အရုပ်ကိုလည်း လက်ထဲမှာ ကိုင်ထားသေး။"သားသားနိုးပြီလား . မာမားက နွားနို့လေးနဲ့ ပေါင်မုန့်နူးနူးညံ့ညံ့လေးလုပ်ထားတယ်"
"သားသားကျောင်းမသွားချင်ဘူး"
"နေမကောင်းလို့လား"
အနီးအနားကပ်ပြီး စိုးရိမ်စွာ နဖူးကိုစမ်းတော့ သူ့ခါးကိုဖယ်တွယ်လို့ ချွဲလေတော့တယ်။
သားသားကချူချာတတ်လို့သူတို့တစ်မိသားစုလုံးက သားသားကို ပိုးဥလေးလိုမွေးခဲ့ရတယ်။
ပြောရရင် သားသားက သူတို့ပိုင်မိသားစုကမဟုတ်လေဘူး။
လော့ရန်က သူဌေးကြီး ဝမ်ကျင်းလျို နဲ့ သူ့ရဲ့ ညီအမလိုခင်ရတဲ့ သူငယ်ချင်း အမ်မာတို့ရဲ့ တစ်ဦးတည်းသောသားလေး။
အမ်မာဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျသွားပြီးသားသားရိပေါ်လေးကို အသက်၁၈နဲ့မွေးတယ်။
နှလုံးရောဂါအခံရှိတဲ့အတွက် သားသားကိုမွေးပြီးနှစ်ရက်မှာ အမ်မာက သားငယ်လေးကို စိတ်ချလက်ချထားခဲ့ပါတော့တယ်။
သူဌေးကြီးဝမ်ကျင်းလျိုကလည်း သူ့မိန်းမလေးစိတ်နဲ့ပဲ ခြောက်လအကြာမှာ သားသားလေးကိုအပြီးတိုင်စွန့်ခွါခဲ့ပြန်တယ်။
နောက်ဆုံးမှာတော့ ဆွေမရှိမရှိမျိုးမရှိ တစ်ယောက်တည်းကျန်ခဲ့တဲ့ သားသားဟာ ပိုင်မေဘယ်လ်ရဲ့ သားကလေးအဖြစ်နဲ့ ပိုင်မိသားစုထဲ ဝင်ရောက်လာခဲ့လေတယ်။