2.သားသားနဲ့အဆင်ပြေနေတဲ့အနာဂတ်ခင်ပွန်းလောင်း

757 97 20
                                    

2.သားသားနဲ့အဆင်ပြေနေတဲ့အနာဂတ်ခင်ပွန်းလောင်း

ရှောင်းကျန့်က အကိုလိုဂန်နဲ့အတူ သားသားကိစ္စတွေလိုက်ရှင်းပေးနေရင်း အိမ်အထိညစာစားဖို့လိုက်လာတယ် ။
သူကတော့ သားသားနဲ့အတူ အိမ်ပြန်လာခဲ့တာ သားသားအိပ်ပျော်သွားကတည်းက။

"သားသားရော မေဘယ်လ်"

"အိပ်ပျော်နေတယ်အကို . အဆင်ပြေခဲ့ရဲ့လား"

"အဲ့ဆရာမကိုအလုပ်ထုတ်ဖို့ပြောခဲ့တယ်"

ဆိုဖာပေါ် အကိုလိုဂန် ဝင်ထိုင်တာနဲ့ အန်တီကြီးဖျော်ပေးထားတဲ့ လိမ္မော်ရည်တစ်ခွက်က အဆင်သင့် ။

"သားသားငယ်ကို ညစာစားဖို့ သွားနှိုးလိုက်ဦး .. ကလေးက ဒီအချိန်ကြီးအိပ်နေစရာလား"

"ငိုရတာပင်ပန်းသွားတာနေမှာပေါ့အကိုရယ် .. ရှောင်းကျန့်ဗိုက်ဆာနေပြီလားဟင်"

"ရတယ်အမမေဘယ် . ကျွန်တော်မဆာသေးပါဘူး ဒါပေမယ့် ကလေးက အကြာကြီးအိပ်နေရင်မကောင်းလို့ နှိုးလိုက်ပါဦးအမ"

အခုကတည်းက မတော်ရသေးတဲ့ သားလေးကို စိတ်ပူပေးနေပြီ။
ရှောင်းကျန့်က သူ့အတွက်တော့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်လာမှာ အမှန်ပါပဲ ။
သားသားအတွက်လည်း ဖခင်ကောင်းတစ်ယောက်ပေါ့။

"ဒါဆို သားသားကိုသွားနှိုးလိုက်ဦးမယ်နော် ရှောင်းကျန့် . အကိုနဲ့အေးအေးဆေးဆေးစကားပြောကြပါဦး"

"ဟုတ်ကဲ့အမ"

လူကသာ သားသားဆီတက်လာခဲ့ပေမယ့် နှလုံးသားလေးကတော့ ရှောင်းကျန့်ဆီမှာ ။
မနက်ကကိစ္စတွေကို ပြန်တွေးမိတော့ သူ့မျက်နှာဘယ်နားသွားထားရမှန်းမသိ။
ရှောင်းကျန့်က သူ့ကို မိန်းမကြမ်းကြီးလို့ထင်သွားရင် ဘယ်လိုလုပ်မလဲ။
ဒါကြောင့် အကိုလိုဂန်နဲ့ အတူ ကျောင်းကို မလိုက်သွားခဲ့တာ ။
ကျောင်းမှာ ဟိုဆရာမကိုတွေ့ရင် ရှောင်းကျန့်ရှေ့မှာပဲ မိန်းမကြမ်းကြီးသဖွယ် ပါးဆွဲရိုက်မိမှာစိုးလို့။

"သားသား ထတော့လေ . ညစာစားရမယ်"

ပိုးကောင်သေးသေးလေးလို စောင်လေးနဲ့ လုံးထွေးအိပ်ပျော်နေတဲ့ သားငယ်လေးရဲ့ အနားသွားပြီး နှိုးပေမယ့် သားငယ်လေးက နိုးမလာခဲ့လေဘူး။
ဆံပင်လေးတွေကို သပ်တင်ပေးဖို့ နဖူးနားလက်ရွယ်ရုံနဲ့ တင် သားငယ်လေးရဲ့ နဖူးဆီက အပူငွေ့တွေက သူ့လက်ကိုလာဟပ်တယ်။

My Crush Becomes My Adopted Baby's Boyfriend Where stories live. Discover now