Pt.4

2.4K 253 13
                                    

ဂျီမင်း အိမ်မှ ထွက်လာကတည်းက မူးဝေနေသည်
ကားပေါ်တွင်လည်း သူငြိမ်ငြိမ်လေ လိုက်လာသည်

"သားငယ်လေး
နေမကောင်းရင်လည်း နားလိုက်ပါ့လားကွယ်
သားကြည့်ရတာ အဆင်မပြေသလိုဘဲ "

"ရပါတယ် ဦးလေး
သား မနက်စာလည်း သိပ်မစားခဲ့လို့မူးနေတာပါ အဆင်ပြေသွားမှာပါ "

"အေးပါကွယ် "

ထို့နောက် ဂျီမင်းတစ်ယောက်ကျောင်းသို့ ရောက်လာတော့ လူက ဖြူဖျော့နေပြီ
ခြေထောက်တွေကလဲ ခွေယိုင်ချင်နေပြီ
ဒါပေမယ့် သူတတ်နိုင်သလောက် အားတင်းကာ ‌ဆရာများနားနေခန်းသို့ ဖြည်းဖြည်းချင်းလျှောက်လာမိသည်

တဖြည်းဖြည်းမျက်လုံးများပါ ပြာဝေလာကာ
လူသည် လဲကျသွားတော့သည်
နောက်ဆုံးသိလိုက်ရတာ Hygရဲ့ ကျွန်တော့နာမည်အော်လိုက်သောအသံနှင့် တစ်နေရာသို့ခေါ်သွားတာကိုသာ

ဂျောင်ကု အလောတကြီး ကျောင်းဆေးခန်းသို့ရောက်လာခဲ့သည်
သူရောက်လာသည်နှင့် ကွက်တိထွက်လာသော ဆရာနမ်ဂျွန်း
ကျွန်တော့အား အနည်းငယ်အံ့ဩသလိုကြည့်ကာ ဘာမှတော့မပြော

"ဂျောင်ကု
နေမကောင်းလို့လား "

"မဟုတ်ပါဘူးဆရာ
ဟို ကျွန်တော် ဒီဘက် လူလာရှာတာ မတွေ့လို့အဲ့တာအတန်းပြန်တော့မလို့ပါ "

မတတ်နိုင်တော့ လိမ်လိုက်ရသည်
မနက်စောစော လူရိုးလေးသည် မလိမ်တတ်လိမ်တတ်ဖြင့် မျက်မှန်အောက်က မျက်စံလေးများမတည်မငြိမ်ဖြင့် ပထမဆုံး စလိမ်ခဲ့သည်

"ဟုတ်လား
အချိန်ရရင် ဆရာဂျီမင်းကိုခဏလောက် ကြည့်ပေးထားနိုင်လား
ဆရာက သူ့အစ်ကို ကိုဖုန်းဆက်မလို့ပါ
ဖုန်းက နားနေခန်းမှာကျန်ခဲ့တော့ လူနာကိုလည်း တစ်ယောက်ထဲ မထားခဲ့ချင်လို့လေ "

ဂျောင်ကုမျက်နှာလေး ချက်ချင်းဝင်းပသွားကာ မျက်လုံးလေးများတလဲ့လဲ့ဖြင့် ခေါင်းငြိမ့်ပြရှာသည်

"ဟုတ် ကျွန်တော်ကြည့်ထားလိုက်ပါ့မယ်
ဆရာစိတ်ချပါ "

"ဝင်သွားလိုက် ဂျောင်ကု
ဒေါက်တာဂျင်က ဂျီမင်းကို ဆေးသွင်းပေးပြီး အပြင်ပြန်ထွက်သွားတယ် "

MapleWhere stories live. Discover now