pt.9

2.1K 218 7
                                    

အနမ်းတွေ ရပ်ဆဲကာ ရင်ခွင်ထဲတိုးဝင်နေသော ကောင်လေးအား အူတယားယားဖြစ်နေသော မျက်မှန်လေးသည်
ချစ်ကြောင်းတွေတဖွဖွပြောကာ အိမ်သိုဘပြန်သွားတော့သည်

ကျန်ခဲ့သော အဖြူရောင်ပုံရိပ်လေးသည် ပျော်ရွှင်စွာ အိမ်ထဲပြန်ဝင်သွားတော့သည်

နှုတ်ခမ်းထက်အပြုံးများ ပွင့်လန်းနေကာ မြူးတူးတူးဖြစ်နေသော ညီငယ်လေးအား
ယွန်းဂီ မွေးနေ့မလို့ပျော်‌ေနသည်ဟုဘဲ လွယ်လွယ်တွေးခဲ့သည်

အဲ့ကတည်းကသာ မှားယွင်းနေခဲ့ရင်လေ
ကျွန်တော် ဇာတ်နာစရာဖြစ်ရပ်တွေမကြုံချင်
တစ်ခါတည်း အမျှင်အတန်းတွေကိုဖြတ်ခုတ်ခဲ့မိမှာပါ ....

ညလည်း အတော်မိုးချုပ်နေပြီဖြစ်ပြီး လာရောက်သူများလည်း အားလုံးပြန်ကုန်ပြီဖြစ်သည်

"အဲ့တာဆို ငါပြန်တော့မယ် ယွန်းဂီ
ဂျီမင်းကိုလည်း နှုတ်ဆက်တယ်ပြောပေးပါဦးကွာ "

"အေးပါ
မိုးချုပ်နေပြီ သေချာပြန်ဦး "

နမ်ဂျွန်းအား နှုတ်ဆက်ပြီးသည်နှင့် အိမ်ထဲဝင်လာခဲ့သည်
အပေါ်တက်သွားပြီဖြစ်သော မွေးနေ့ရှင်လေးအား ဒီနေ့ သူတစ်ယောက်ဘဲ လက်ဆောင်ပေးဖို့ကျန်တော့တာမဟုတ်လား

ယွန်းဂီလည်း သူတစ်လလောက်ပြင်ဆင်ထားရသည် လက်ဆောင်ဗူးလေးအား အခန်းထဲမှ ဝင်ယူကာ ညီငယ်လေးအခန်းဘက်ကူးခဲ့တော့သည်

အဝတ်အစားလဲကာ အိပ်ယာပေါ်တွင် လက်ဆောင်ဗူးများဖောက်ကြည့်နေတုန်း အခန်းထဲဝင်လာသော ကိုကို့ကြောင့် ဂျီမင်း အနားသို့ လက်ယက်ခေါ်လိုက်သည်

"ကိုကို လာကူဖောက်ပေးပါဦး "

ဒီကောင်လေး ညဉ့်နက်နေလို့ အိပ်ပြီဟုတောင်ထင်နေတာ
သူက ကလေးကလား လက်ဆောင်တွေတောင်လိုက်ဖောက်နေလိုက်သေးသည်

"ကလေးရယ် အိပ်ပါ မနက်ကျမှ လုပ်လဲ ရတာဘဲကို "

"ကိုကိုကလဲ
သားငယ်ငယ်ကတည်းက လက်ဆောင်ထုတ်လေးတွေ ဖြည်ရတာကို သဘောကျတဲ့ဟာ "

"ဟုတ်ပါပြီဗျာ
အဲ့တာဆို မနက်မှယူတော့ "

ထိုစကားကြောင့် လက်ဆောင်ဗူးတွေဆီမှ မျက်လုံးကျဉ်းကျဉ်းလေးများသည် ချက်ချင်းသူထံကူးပြောင်းလာကာ တစ်ကိုယ်လုံးအား အစုံအဆန်ကြည့်ပြီးနောက် ညာဘက်လက်ထဲရှိ ကတ္တီပါဗူးနက်ပြာရောင်လေးကို တွေ့သွားတော့သည်

MapleWhere stories live. Discover now