𝙻𝙾𝚅𝙴(zawgyi)

238 20 2
                                    

နှိုးစက်အသံနဲ့အတူမျက်လုံးတွေကိုဖြေးညင်းစွာဖွင့်ကာဘေးကိုစမ်းလိုက်တော့အိစက်စက်မွှေ့ယာ ချက်ချင်းထထိုင်လိုက်ကာဘေးကိုကြည့်တော့သူရှိမနေ

*ဂျောင်ဟိုဆော့*

ဂျောင်ဟိုဆော့ဆိုတာမိဘတွေရဲ့သဘောတူညီမှုကြောင့်သူနဲ့လက်ထပ်ထားသူ မိဘတွေကအတင်းအကြပ်စီစဉ်တာမျိုးမဟုတ်ပေမဲ့သူတို့ကိုယ်တိုင်ကလည်းမိဘတွေသဘောကိုလက်ခံခဲ့ခြင်း အချစ်မပါတဲ့အိမ်ထောင်ရေးဆိုပေမဲ့သူနဲ့ဂျောင်ဟိုဆော့ရဲ့အိမ်ထောင်သက်ကတနှစ်ကျော်နှစ်နှစ်နီးပါးပင်ရှိတော့မည် နှစ်ယောက်လုံးကအေးစက်စက်နိုင်တယ်ဘဲပြောရမလား တနေ့လုံးနေမှစကားဆယ်ခွန်းတောင်ပြည့်အောင်မပြောဖြစ် သို့ပေမဲ့နှစ်ယောက်ကြားထဲတွင်ကတောက်ကဆဖစ်တာမျိုးမရှိဘဲပေါ့ပေါ့ပါးပါးလေးသာ နှစ်ယောက်လုံးကလဲယောက်ကျားလေးတွေဖစ်နေလို့လည်းပါမှာပေါ့ ဂျောင်ဟိုဆော့ကသူ့ဝါသနာအရပန်းဆိုင်လေးတဆိုင်ဖွင့်ထားပြီးကျနော်ကတော့ဖေဖေ့ရဲ့ကုမ္ပဏီတွင်အလုပ်လုပ်သည် အလုပ်ဆင်းချိန်တိုင်းဂျောင်ဟိုဆော့ကိုသွားကြိုကာအိမ်သို့တူတူပြန်လာရသည်မှာသူ၏တာဝန်တခု အရာရာဟာပုံမှန်အတိုင်းသာရှိနေခဲ့သည် ဂျောင်ဟိုဆော့ကသူ့ဝေယျာဝစ္စများကိုသူမထခင်အဆင်သင့်လုပ်ထားပေးကာဆိုင်ဖွင့်ရန်ထွက်သွားမည် သူထလျှင်ထိုအဆင်သင့်လုပ်ပေးထားသမျှကိုအရန်သင့်ပြင်ဆင်ကာကုမ္ပဏီသို့သွားမည် ရုံးမှပြန်လျှင်ဂျောင်ဟိုဆော့အားဝင်ကြိုကာအိမ်သို့ပြန်လာမည် ဒါဟာသူတို့နှစ်ယောက်ရဲ့နေ့စဉ်ဘဝဖြတ်သန်းပုံပင် တခြားအိမ်ထောင်သည်တွေလိုနှစ်ယောက်သားအပြင်ထွက်ပျော်ပါးတာမျိုးမရှိ ဒီအတိုင်းသာနေသားကျနေခဲ့သည် သို့သော်အိမ်ထောင်သက်တနှစ်ကျော်တွင်ကင်ထယ်ယောင်းဆိုသောသူသည်ပုံမှန်မဟုတ်တော့ပေ ဂျောင်ဟိုဆော့ကိုခိုးခိုးကြည့်တတ်လာသည် တခါမှမျက်လုံးချင်းမဆုံဖူးသောထိုမျက်ဝန်းလှလှလေးကိုသူခိုးခိုးကြည့်ရသည်မှာအမော ညဆိုလျှင်ဂျောင်ဟိုဆော့သည်စောစောအိပ်ယာဝင်တတ်သည် သူကတော့ရုံးကအလုပ်တွေပြီးမှသာအိပ်ယာဝင်လေ့ရှိသည် အိပ်ယာဝင်ချိန်တိုင်းဟောက်သံပိစိလေးပါထွက်ကာအိပ်ပျော်နေသောအလှတရားလေးကိုသူ့မှာတသိမ့်သိမ့်မြတ်နိုးရသည် ရှန်ပူနံ့သင်းနေသောဆံသားအိအိလေးကိုအမြတ်တနိုးခိုးနမ်းရှိုက်ရသည်မှာသူသဘောအကျဆုံးအရာ ခပ်မို့မို့ဖစ်နေသောပါးဖောင်းဖောင်းလေးကိုလည်းနမ်းရှိုက်ဖို့မမေ့ ပိစိလေးပွင့်နေတော့နှုတ်ခမ်းပါးလေးကတော့ခိုးနမ်းပြီးတိုင်းရင်ခုန်ရသည်မှာနှလုံးရောဂါတောင်ရချင်လာပြီ ထူးဆန်းတယ်မဟုတ်လားဂျောင်ဟိုဆော့ကသူ့ယောက်ကျားဆိုပေမဲ့သူ့မှာစည်းစောင့်နေရသည်လေ။

ғʟᴀᴍɪɴɢᴏ ᴄᴏᴜᴘʟᴇ♡︎ᵛᵒᵖᵉ ᵒⁿᵉˢʰᵒᵗ ᶜᵒˡˡᵉᶜᵗⁱᵒⁿ-Where stories live. Discover now