𝙵𝙰𝚃𝙴 (zawgyi)

101 8 1
                                    

အုံ့မှိုင်းမှိုင်းဖြစ်နေတဲ့ကောင်းကင်ကိုတချက်မော့ကြည့်လိုက်ပြီးသက်ပြင်းရှည်တခုကိုချလိုက်သည် အခုလိုအုံ့မှိုင်းနေတဲ့အခြေနေကလူတချို့အတွက်ကော်ဖီလေးသောက် စာအုပ်လေးဖတ် သိပ်သဘောကျချင်စရာကောင်းပေမဲ့ သူ့အတွက်တော့နဲနဲလေးမှသဘောကျချင်စရာမကောင်းပါ သွားရလာရခက်ခဲသည့်အပြင် ပတ်ဝန်းကျင်တခုလုံးစိုစွတ်နေသည်မှာစိတ်ပျက်စရာ သွားရာနေရာထီးယူသွားရသည်မှာလဲအမုန်းဆုံးအလုပ်တခု

မိုးမရွာခင်အိမ်အမြန်ပြန်ရန်ဆိုင်ထဲသို့ဝှေ့ဝဲကြည့်လိုက်တော့လူရှင်းနေပြီဖြစ်တာကြောင့် နံရံပေါ်ရှိနာရီသို့အကြည့်ပို့မိတော့ပုံမှန်ဆိုင်ပိတ်ချိန်ထက်မိနစ်နှစ်ဆယ်စောနေသေးသည် သို့သော်မိုးမရွှာမှီအိမ်ပြန်ရမည်ဖြစ်တာကြောင့်သူ၏ခေါက်ဆွဲဆိုင်လေးကိုခပ်မြန်မြန်သိမ်းဖို့လုပ်ရတော့သည်။

ကံမကောင်းစွာဖြင့်ဆိုင်ပိတ်ပြီးချင်းသည်းထန်စွာရွာချလာသောမိုးကသူ့အားလှောင်ပြောင်နေသလိုဟိုဆော့စိတ်ပျက်စွာဆံပင်တွေကိုဆွဲဖွလိုက်သည် ခနစောင့်ကြည့်သော်လည်းမစဲ သေးသောမိုးကြောင့် ဆိုင်ပြန်ဖွင့်ကာဝင်နေရန်ဆုံးဖြတ်လိုက်သည် closeစာတန်းလေးကိုဆိုင်တံခါးဝတွင်ချိတ်ကာကောင်တာတွင်ထိုင်ရ်ျစာရင်းတချို့သာလုပ်နေလိုက်သည်

ကလင်~

တံခါးအားဆွဲဖွင့်ရ်ျဝင်လာသောလူကြောင့်ဟိုဆော့အမြန်ထကာတားရတော့သည်

"ဆိုင်ပိတ်ပါပြီ ဧည့်သည်"

ထိုလူကသူ့စကားကိုနားမထောင်ဘဲဆိုင်တွင်းရှိစားပွဲတခုတွင်ဝင်ထိုင်လိုက်တာကြောင့်ဟိုဆော့မျက်ခုံးတွေတွန့်ချိုးလိုက်သည်

"ပဲခေါက်ဆွဲတစ်ပွဲ"

"ဘာမှမရတော့ပါဘူး ဆိုင်ပိတ်သွားပါပြီ"

သူပြောတာကိုနားမထောင်ဘဲဆေးလိပ်ထုတ်ကာမီးညှိနေတဲ့လူကြောင့်ဒေါသကထောင်းခနဲ

"ဒီမှာ ဆိုင်ထဲဆေးလိပ်သောက်လို့မရဘူး"

နှုတ်ခမ်းတွင်တေ့ထားသောဆေးလိပ်ကိုယူကာအမှိုက်ပုံးထဲပစ်ထည့်လိုက်တော့သူ့ကိုစူးရဲစွာစိုက်ကြည့်လာသည်

ғʟᴀᴍɪɴɢᴏ ᴄᴏᴜᴘʟᴇ♡︎ᵛᵒᵖᵉ ᵒⁿᵉˢʰᵒᵗ ᶜᵒˡˡᵉᶜᵗⁱᵒⁿ-Where stories live. Discover now