အရှင့်ရဲ့ နှလုံးသားမှာကရော

233 17 0
                                    

။     ။ အရှင့်ရဲ့ နှလုံးသားမှာကရော ။     ။

အ ရှ င် သာ လျှ င်.  .  .  .  .~~~အပိုင်း~၇~~~

ကျောနောက်ဘက်နှင့် ဒူးကောက်ကွေးကြား ရောက်လာသည့် လက်တစ်စုံ၏ ဆွဲယူခြင်းခံလိုက်ရတာကြောင့် သူ့ခြေအစုံဟာ ရေနှင့် ထိစပ်မနေတော့သလို မြေပြင်နှင့်လည်း ထိစပ်မနေ      ခုတော့ သူ့ခန္ဓာကိုယ်ဟာ အရှင့်ရဲ့ ရင်ဘတ်နှင့် ထိစပ်၍ ပွေ့ယူခြင်း ခံထားရသည်

ကြင်ယာတော်ဝမ်နားမလည်နိုင်သော အကြည့်တို့ဖြင့် ဧကရာဇ်ကို မော့ကြည့်မိတော့

' မင်းကို နာကျင်အောင် ရေနဲ့ ထိတွေ့စေချင်ပေမယ့် မင်းရဲ့ ခြေထောက်က ငါမြင်ချင်တဲ့ သွေးတွေ ပျောက်ကွယ်ကုန်မှာစိုးလို့....... နောက်တစ်ချိန်ကျရင်တော့ မင်းရဲ့ တစ်ခြားနေရာတွေကိုပါ ငါက ဆေးခြယ်ပေးမှာ '

' .....'

နောင်ခါလာ နောင်ခါရှင်းပေါ့ အရှင်ရယ် အခုတော့ သူ့ကို အရှင့်ရင်ခွင်ထဲ တိုးဝင်ခွင့်ပေးပါ
အရှင်ဟာ ရှေ့ကို စူးစိုက်ကြည့်လို့ လျှောက်လှမ်းနေပေမယ့် သူကတော့ သူ့ဆီ အကြည့်မဝှေ့တဲ့ အရှင့်ကိုသာ ကြည့်နေမိသည်
ဒေါင့်တန်းလို မျက်ခုံးတန်းညိုညို စူးရှတဲ့ မျက်ဝန်းတစ်စုံနဲ့ နှာတံထိပ်က လှိုင်းတွန့် သဏ္ဍန် နှုတ်ခမ်းပါးတို့ ထောင့်ချိုးညီလို့ အောက်ပါး(နား)က မှဲ့လေးဟာ စိန်ပွင့်သဖွယ် ဝင့်ကြွားလို့ ဂုဏ်ရည်ဆောင်နေသည်    အနီရောင်တို့ဖြင့် ဆက်စပ်ထားတဲ့ အနက်ရောင်ဝတ်ရုံလွှာကိုဝတ်ဆင်ထားသည့် သူ့ရဲ့ အရှင်ဟာ ဂုဏ်ရည်မြင့်မားသလို အငြိုးတရားတို့လည်း ကြီးမားလေသည်    ဧကရာဇ်အား အတွေးတို့နှင့်ဂုဏ်ရှာ(ရှာ)ကာ အပြုံးတို့ ဖြစ်ထွန်းရင်း  ကြင်ယာတော်ဝမ်ဟာ မျက်လုံးတို့ မှေးစင်းလို့အမြင်အာရုံတို့အား အမှောင်ကျစေသည်
ဧကရာဇ်ဟာ ကြင်ယာတော်က သူ့ကို ကြည့်နေမှန်း သိပေမယ့် သူဟာ အကြည့်တစ်ချက်မှ မပို့ဖြစ်ပါ   ရှေ့ကိုသာ အာရုံစိုက်ကြည့်နေမိသည်  ကြင်ယာတော်မှ သူ့အား အပြူးသားကြည့်၍ ပြုံးနေသည်ကို မျက်ဝန်းထောင့်မှလည်း မြင်မိသေးသည်  လေရှူ လေထုတ်သံ (အသက်ရှူသံ) ပြင်းပြင်းလေး ကြားလို့ အကြည့်ပို့မိတော့ ကြင်ယာတော်ဟာ အိပ်ပျော်နေပြီ ဖြစ်သည်   ဧကရာဇ်ဟာ သူ့ရင်ခွင်ထဲ အိပ်စက်နေသည့် သူအား နည်းနည်းလေးတော့ တွေးဆိုမိသည် သူ့ကို မုန်းနေတဲ့ လူတစ်ယောက်ရဲ့ ရင်ခွင်ထဲ အပူပင်ကင်းကင်းနဲ့ အေးအေးလူလူ(လျူလျူ) အိပ်စက်နိုင်ရဲတဲ့ သတ္တိကိုတော့ နည်းနည်း ချီးကျူးစိတ်ဝင်မိသည်

အ ရှ င် သာ လျှ င်  .  .  .Where stories live. Discover now