အချစ်ကြီး၍ အမျက်ကြီးလေသလား

123 5 0
                                    

အ ရှ င် သာ လျှ င်.  .  .~~~part~15~~~

။   ။အချစ်ကြီး၍ အမျက်ကြီးလေသလား။   ။

'....ရှောင်ကျန့်....'

အခြေအနေအရပ်အရပ်အား အကြောင်းစုံပြောပြီးတဲ့အခါမှာ မည်သို့မျှ မလှုပ်ယှက်တော့သော ရှေင်ကျန့်အား သူမခေါ်မိ​လေသည်။ မျှော်လင့်မထားပါသော အဖြအပျက်တို့သည် လွန်စွာ ဆိုးရွား၏။

'...........'

စကားတွေဟာ ထွက်ကျမလာ။ နာကျင်မှုနှင့်အတူ စကားလုံးတို့ဟာ ရင်ဝမှာ တင်းကျပ်နေ၏။ ထင်မှတ်မထားသော အချင်းအရာတို့သည် သူ့အား တုန်လှုပ်စေ၏။

'....ရှောင်ကျန့်ရယ်...'

မိမိကိုယ်တိုင်က မလိုလားတဲ့အလုပ်တွေကို ဒေါသနဲ့ မလုပ်ပါနဲ့လား ရှောင်ကျန့်ရယ် ။ သူတစ်ပါးနာကျင်စေဖို့ကို ကိုယ်ကိုတိုင်က နာကျင်နေပါလျှက် စတေးခံပြီး လုပ်နဲ့အထိ နင်ရူးရင့်လေပြီလား ဟင်။

အတိတ်ကအကြောင်းအရာတွေရော လက်ရှိအဖြစ်အပျက်တွေကို မိဖုရားချင်းသိပြီးတဲ့နောက်မှာ မည်သူ့မှန်လဲ မှားလဲ မဝေခွဲတတ်တော့ဟန်။

' အတိတ်မှာ မှားယွင်းခဲ့တဲ့အရာတွေ ရှိနေမယ်ဆိုရင်လည်း ငါမသိချင်တော့ဘူး ငါပေးခဲ့တဲ့ကတိကို တည်အောင် လုပ်ပြီးရင်တော့ အရာအားလုံးကို မေ့နိုင်ဖို့မျှော်လင့်တယ်'

သေသောသူ ကြာရင်မေ့ဆိုတဲ့စကား အမှန်တကယ်ဖြစ်လာခဲ့ရင် ကောင်းမည်။ ကတိတွေမရှိတော့တဲ့အခါ အတိတ်က နာကျသ်မှုကိုလည်း မေ့နိုင်ဖို့ရာ မျှော်လင့်သည်။

ကတိကို တည်ချင်လေသည့် ဧကရာဇ်သည် တစ်ချိန်က သစ္စာတရားကို မေ့သွားဟန်ရသည်။

'...ဟင်း....'

သူမ သက်ပြင်းယဲ့ယဲ့ချမိသည်။ ယခုတွင် ဆိုးရွားသောဆက်ဆံရေးတို့သည် အတိတ်၏ အကျိုးဆက်တို့ ဖြစ်နေသည်။ ဆိုးရွားသော အကျိုးဆက်တို့သည် အနာဂတ်တွင် အေးချမ်းနေနိုင်ပါ့မလား။ ဝမ်ဝမ်လေးဟာလည်း ထိုလိုအမှားမျိုးအား အမှန်တကယ်ကျူးလွန်ခဲ့သည်မှာ သူမငြင်း၍ မတတ်နိုင်ရာ၏။ အချစ်ကြီးလျှင် အမျက်ကြီးသည်တဲ့။ ယခုလို အမျက်ကြီးလေသည်မှာ ကတိချည်းသာမဟုတ်နိုင်။ အချစ်ကြီး၍များ အမျက်ကြီးလေသလား။ ငါ့အချစ်တွေကို ဒီတစ်သက်တွင် နင်မြင်နိုင်တော့မည် မထင်။ သို့ပေပေမယ့် နာကျင်ရမည်ဆိုလျှင်လည်း ငါနင့်ကို ဆက်ချစ်နေမိအုံးမှာဘဲ ရှောင်ကျန့်

အ ရှ င် သာ လျှ င်  .  .  .Where stories live. Discover now