Aren't be Lover

1.3K 123 2
                                    

Uni code

" nae nae ကြားပါတယ် "

"အေး" မင်းတို့လည်း နားကြတော့"

"nae အဖိုး အဲ့တာဆို ကျွန်တော် အခန်းထဲဝင်တော့မယ် ညစာ မစားတော့ဘူး "

ထယ်ယောင်းကပြောတော့ အဖိုးက

"အေး  jungkook ကိုလည်း ခေါ်သွားလိုက်ဦး"

အဖိုးစကားကြောင့် ဂျောင်ကုမျက်လုံးပြူးသွားကာ

"ဟင် အဖိုး ကျွန်တော်က ဘာလို့"

"မင်း အခန်းက ပစ္စည်းတွေထား ထားတာ ကျန်တဲ့အခန်းက မရှင်းရသေးဘူး ထယ်ယောင်း အခန်းပဲရှိတယ်"

တမင်များ အကွက်တွေချတာလား အဖိုးရယ်

"လဒ အုန်းသီး ငါမင်းနဲ့ အတူ မအိပ်နိုင်ဘူးနော်"

"ငါကကော အိပ်ချင်တယ်ထင်နေလို့လား"

"မသိဘူး မသိဘူး "

ထယ်ယောင်းလည်း သူ့အခန်းထဲသူဝင်သွားသည် ။ ဧည့်ခန်းထဲက ဂျောင်ကုကလည်း အဖိုးကို မျက်နာငယ်‌လေးနဲ့ ။

" အဖိုး အဲ့တော့ ကျွန်တော်က"

"လိုက်သွားတော့ မင်းမှာ အိပ်စရာ အဲ့အခန်းဘဲရှိတယ်"

"ပြီးရောဗျာ"

ဂျောင်ကုလည်း စိတ်ပျက်ပျက်နဲ့ ထယ်ယောင်းအခန်းထဲ ဝင်သွားလိုက်တယ်။  တစ်ကယ်ပါ အတူတူအိပ်ခိုင်းရတယ်လို့ ။
အခန်းထဲက ထယ်ယောင်းကလည်း သူ့တွေ့တာနဲ့ မျက်နာကြီး ဆူပုတ်ကြီး ရိုက်သတ်တော့မယ့်အတိုင်းပဲ ။

" ဂျွန်ဂျောင်ကု မင်း ဘာလာလုပ်တာလဲ"

" အခန်းထဲ ဝင်လာတာလေ"

"အဲ့တာတော့ မင်းပြောမှလား"

ဂျွန်ဂျောင်ကုဆိုတာ ပြောလိုက်ရင် ရိုက်ပေါက်တွေကြီး သတ်ပစ်ချင်လိုက်တာ ။

'' အိပ်စရာမှ မရှိတာ လာအိပ်တာပေါ့ "

"အခြားနေရာ အိပ် "

" ငါက မြေကြီးထဲဝင်အိပ်ရမှာလား အိပ်စရာမရှိဘူး "

"ကောင်းသားပဲ ကြွင်းတူး‌‌ပေးမယ် ဝင်အိပ် ပြီးရင် မြေပါဖုံးပေးမယ် "

" မင်းပဲသေလိုက် အဖိုးက ဒီအခန်းမှာပဲအိပ်တဲ့ "

" ကျစ် ပြီးရော"

𝐖𝐡𝐲 ! 𝐈 𝐋𝐨𝐯𝐞 𝐇𝐢𝐦 ? // 𝐓𝐡𝐯𝐉𝐤Where stories live. Discover now