23

932 68 0
                                    

      💜💜💜     အမွှေဂျီ     💛💛💛

အပိုင်း ၂၃




"ကျတော် လုံးဝ သဘောမတူဘူးနော် "

"ဟဲ့ အဲ့မို့ နင့်ကို လုပ်ခိုင်းတာလေ နင်မှ
မလုပ်ချင်တာ အဲ့မို့ဂျီယောင်းနဲ့ တွဲခိုင်းရတာလေ"

"အမဂျီယောင်းမို့ကို မတွဲခိုင်းတာဗျာ
ကျတော် ကလေးကို ဘယ်လောက်နှိုက်မြည်းနေမှန်းမသိဘူး မဖြစ်ဘူး အမဂျီယောင်းနဲ့ဆိုရင်"

"အဲ့ဆိုရင်လဲ DO လေးနဲ့ တွဲခိုင်းလိုက်မယ်လေ သူတို့သူငယ်ချင်းနှစ်ယောက်"

"ပိုဆိုး!!လုံးဝ လက်မခံနိုင်ဘူး"

"ဂျွန်ဂျောင်ကု နင့် ငါမဂ်လာဆောင် ပွဲလာ
ဖျက်နေတာလား"

"ပွဲမဖျက်စေချင်ရင် ကျတော် ကလေးကို
ဘာလို့အရံ လုပ်ခိုင်းရတာလဲ"

"ဟဲ့!!!ငါသားမို့ ငါလုပ်ခိုင်းတာပ သူများနဲ့
တွဲပေးတာ မကြိုက်ရင်လဲ နင်ပဲလုပ်လိုက်"

"ကျတော်လဲ မလုပ်ဘူး ကလေးကိုလဲ မလုပ်
ခိုင်းဘူး"

"နင်မမေးတော့ဘူး ငါသားကိုမေးမယ် !!
သား မားရဲ့ မဂ်လာဆောင်မှာ သားအရံ
လုပ်ပေးမယ်မို့လားဟင်"

မားKim မှာ အဂျီလက်လေးဆွဲပြီး မျက်နှာ
ငယ်လေးနဲ့ တောင်းဆိုလိုက်မိသည်။

"သား!!လုပ်ပေးမယ် မား!!လူကြီးမလုပ်ချင်နေ သားဒိုးပြူးနဲ့ တွဲလိုက်မယ်"

"အောင်မလေး ဒါမှ ငါ့သားလေး"

"ကလေးနော်!!လုံးဝမဖြစ်ဘူး ကိုယ့်သဘော
မတူဘူး"

အဂျီလေး အမောင်ကုကို စိတ်တိုပြီး မျက်စောင်း ထိုးလိုက်မိသည်။
မားနဲ့ သူ့ရဲ့လူကြီး ကြာပြီး စကားပြောနေကြတာ မားကလဲ သူရဲ့ မဂ်လာပွဲအတွက် သူတို့
နှစ်ယောက်ကို အရံလုပ်ခိုင်းနေတာ ။
သူမလုပ်ချင်ဘူးဆိုလို့ အမဂျီယောင်းနဲ့ လုပ်ခိုင်းတော့လဲ မကြိုက် အမဂျီယောင်းနဲ့ တွဲပေးတာ မကြိုက်လို့ ဒိုးပြူးနဲ့ တွဲခိုင်းပြန်တော့
ပိုဆိုး လူကြီးက ကန့်လန့်တိုက်နေတာ
သက်သက် ပတ်ဂျီမင် ကို ဒါမျိုးလာချိုးလို့မရဘူး ၁၀ ဆ ပြန်ချိုးလိုက်မှာ ဟွန့်....

🐰 အမွှေဂျီ  🐥Where stories live. Discover now