45

1K 87 13
                                    


45

"ဘုန်း!!!ဘုန်း!!!

!!!!ဒုတ်!!!ဒုတ်!!

!!ဖြန်း!!"

အဲ့ဒါဘာသံတေလဲ ဝေ့ ။

ရာသီဥတုလေးက သာယာနေသလို
ဘန်းထန်ရွာသူ ရွာသားတေလဲ ချောင်းစပ်
လေးတွင် သာယာနေကြသည်။

ဘုန်း တို့ ဒုတ် တို့ ဖြန်းတို့က အမှန်က
အ‌ဝတ်လျှော်သံ အဝတ်ထုသံ အဝတ်ခါသံ
တေပါ ရန်ဖြစ်တာမဟုတ်သလို ရင်ခုန်တာလဲ
မဟုတ်ဘူး ပါးရိုက်သံလဲ ပိုဆိုး ။

"ပတ်ဂျီမင်တို့အေ!!လုပ်လိုက်ရင် အစမ်းကြီးဟဲ့!!
ဘယ်နဲ့အေ!!!သူတို့မဂ်လာဆောင် သွားပါတယ်ဆို ရှင်ဘုရင်မှတ်လို့ မော့ဖူးပြန်လာရတယ်!!"

အဲ့ဒါကတော့ တရွာလုံးရဲ့ အကြမ်းဆုံး
အရမ်းဆုံး အရိုင်းဆုံးဖြစ်တဲ့ မိဂျမ်းပဲ
ဖြစ်ပါတယ်။

"ညည်းတို့သူတို့ကျွေးတာက သဖြဲနှစ်ဖြဲစား
သောက်မြိုစို့လာကြတယ်မို့လား!!"

"ဟဲ့!!အဲ့ဒါတော့ သူတို့ဖိတ်လို့ ငါတို့သွားတာလေ !!ဘာတေလာပြီ ပြောနေတာလဲ!!"

"အမှန်ပြောနေတာလေ!!မဟုတ်လို့လား !!
ပန်းနှစ်ထက်မဏ္ဌုပ်ကြီးပေါ်မှာ မိန့်မိန့်ကြီး
ထိုင်နေကြတာ !!ငါတို့ကတော့ အောက်ကနေ
သူတို့မော့ကြည့်ပြီ ပြန်လာရတာ အပြန်!!
ဆေးပါလိမ်းရတယ်!!"အဲ့ဒါ လှတောသူပါ😁

"ပတ်ဂျီမင်တို့ ကံကောင်းချက်အေ!!
သူယောက်ျာကြီးက ရှယ်ကို ချစ်တာနော်!!
ပတ်ဂျီမင်တို့က!!တကယ်အချစ်ခံလေး!!"

"အချစ်ခံဆိုလဲ!!သူလေးမျက်နှာလေးကိုကြည့်အုံးလေ!!ဆုတောင်းကောင်းခဲ့တာကို
ရုပ်မြင်ချစ်ခင်ပါစေ !!အသံကြားသနားပါစေ
ဆုတောင်းလာခဲ့သလား!! ယောက်ျာလေး
မတန်ပဲနဲ့ တော်တော်ကို လှတာကိုး!!
အသားအရေလေးဆိုရင်အေ ကိုရီးယား
မင်းသားလေးတေလို နုဖတ်နေကော!!"

"အေး!!အဲ့ဒါတော့ ငါလဲ ထောက်ခံတယ်!!
ဂျွန်ဂျောင်ကုဆိုရင် သူဟာလေးကို!!
မျက်စိအောက်ကကို အပျောက်မခံတာ
ကြည့်!!ငါလေ!!ပတ်ဂျီမင်ကို!!အားကျလိုက်တာများ !!ငါလဲ ပတ်ဂျီမင်လို ယောက်ျာရ
ကံကောင်းချင်လိုက်တာအေ!!"

🐰 အမွှေဂျီ  🐥Where stories live. Discover now