အခန်း (1211)

509 108 3
                                    

အခန်း (၁၂၁၁)  :  တာအို စိတ်ပြင်းပြမှု

အကယ်၍ မိုဝူကျိသာ ဝိဇ္ဇာ မဟုတ်လျှင် သူမက ယခင်ချစ်ခြင်းမေတ္တာကို ထောက်ထား၍ သက်ညှာပေးရန် တောင်းဆိုမိပေလိမ့်မည်။ သို့သော်လည်း ဝိဇ္ဇာတစ်ပါးနှင့် ရင်ဆိုင်ပြီး မဟုတ်တမ်း အလိမ်အညာကို မပြောနိုင်ပေ။ တစ်ချက်ကြည့်ရုံဖြင့် တန်းသိနိင်၍ ဖြစ်သည်။

သို့သော်လည်း သူက ဝမ်ရှောင်ချီဆိုတာ  ဘယ်လိုလုပ် သိသွားတာလဲ ….

သူမ နားလည်ထားသလောက် ဝမ်ရှောင်ချီ မဟုတ်ခဲ့ပေ။

အာကာပြင်မှာ ချက်ချင်း လေးလံလာကာ သေခြင်းတရား အငွေ့အသက်တို့ ရောက်ရှိလာသည်။ ရှားရိုယင်က ရုန်းကန်ပြီး သက်ညှာပေးရန် တောင်းဆိုလိုမိ၏။ သို့သော်လည်း ထိုအခိုက်အတန့်၌  သူမက ဘာမှမပြောနိုင်တော့ပေ။ သူမစိတ်ထဲ၌ အတွေးတစ်ခုသာ ကျန်ရှိနေတော့သည်။ အကယ်၍ သူမသာ ယခင်က မိုဝူကျိကို မသတ်ခဲ့လျှင် ကိစ္စများက မည်သို့ ဖြစ်နေမည်နည်း။

ကံဆိုးစွာဖြင့် သူမအပေါ် ဖိအား ကျရောက်လာသည်။ သူမက ဘာမှဆက်မတွေးနိုင်တော့ပေ။

ပျက်စီးမှုတာအိုလှိုင်းတစ်ခုက သူမအား ရစ်ပတ်သွားလေ၏။ ထိုစဉ် သူမ အသက်ဓာတ် ပျောက်ကွယ်သွားလေသည်။ ထို့နောက် မီးတောက်တစ်ခု ပြန့်လွှင့်လာပြီး သူမတစ်ကိုယ်လုံးကို ဗလာနတ္ထိအဖြစ် လောင်ကျွမ်းပစ်လိုက်သည်။

သူမ လက်စွပ်ပင် အားကောင်းလှသည့် တာအိုလှိုင်းအောက် ဖျက်စီးခံလိုက်ရသည်။ မိုဝူကျိက သူမ ပစ္စည်းများကို မကျန်ရှိစေသည်မှာ သိသာလှ၏။

……………..…

မိုဝူကျိ၏ စိတ်စွမ်းအားက အာကာသထဲ ပြန်လည် ရောက်ရှိသွားသည်။ သူက ထန်းဟန်ကို သတိထားလိုက်မိ၏။ ယခင် သူ စကြဝဠာ တာအိုစည်းမျည်းကို လုယူခဲ့စဉ်အခါက ထန်းဟန်၏ အသိစိတ်မီးတောက် လောင်ကျွမ်းခြင်းကို ခံထားရပေသည်။ ယခုအချိန်အထိ ထန်းဟန်ကို ထိုကိစ္စအတွက် ပြန်မပေးဆပ်ခိုင်းရသေးပေ။

မိုဝူကျိက ကြယ်တာရာအစုအဝေးများကိုပါ ဖြတ်သန်းသွားလိုက်သည်။ သူက ထန်းဟန် ရှိရာဆီ ရောက်သည့်အခါ ထန်းဟန်၏ စိတ်စွမ်းအားကလည်း မိုဝူကျိအား အာရုံခံလိုက်မိပေသည်။

လူသားသစ္စာ [1101 -1230] FinalWhere stories live. Discover now