Still With You

396 48 0
                                    

UNICODE

မကြာခင် မိုးရွာ​တော့မည်။ ဒီနှစ်ရဲ့ ပထမဆုံး မိုးဦး ရွာ​တော့မည်။ ခုနကအထိ ပြာလဲ့​နေခဲ့တဲ့ ​ကောင်းကင်က တိမ်ဖြူတို့ဟာ သွဲ့သွဲ့​သော​သော ​လေအရှိန်နဲ့ ခပ်သုတ်သုတ် ခရီးနှင်​နေကြသည်။ အ​​နောက်ဘက်က တိမ်မည်းများဟာ ဖြူလွလွ တိမ်​တွေ​နေရာကို အစားထိုး ၀င်​ရောက်ဖို့ တ​ရွေ့​ရွေ့ တက်လာကြသည်။

မီးခိုးရင့်​ရောင် ​ကောင်းကင်လမ်းမှာ ငှက်အုပ်တို့က ရုတ်ရုတ်သဲသဲဖြင့် အသိုက်ဆီသို့ ပြန်​နေကြသည်။ သတ္တဝါတိုင်းအတွက် မိမိ၏ အိမ်သည်သာ အလုံခြုံဆုံးဟု ခံယူထားပုံ​ပေါ်ကြသည်။ ကြမ်းတမ်းတဲ့ ​လောကဓံ​တွေကြား ​နွေး​ထွေးမှုကို အိမ်ကသာ ​ပေးနိုင်၏။

အိမ်ဟု ဆိုရာ၀ယ် အ​ဆောက်အဦးအိမ်အပြင် ​နွေး​ထွေးသည့် နှလုံးအိမ်တစ်လုံးလည်း လိုအပ်သည်။ နာကျင် ၀မ်းနည်း သိမ်ငယ်ရသည့်အခါ ​ထွေး​ပွေ့​ပေးနိုင်မည့် နှလုံးအိမ်။

ထိုသို့ဆိုလျှင် ​ဂျောင်ဂုသည် အိမ်​ပျောက်​နေသူ ဖြစ်၏။

​လေသည် ခုနကထက် အရှိန်ပိုလာသည်။ သစ်ရွက်များက တွန်းထိုး လှုပ်ရှားကာ တရှဲရှဲမြည်ရင်း ​ဂျောင်ဂု အခန်းရဲ့ ပြတင်း​ပေါက်ကိုပါ လာရိုက်သည်။ မိုးက​တော့ မရွာ​သေး​ပေ။

​ဂျောင်ဂု ပြတင်း​ပေါက်ကို ထပိတ်လိုက်သည်။ အခန်းထဲ ခပ်အုံ့အုံ့​မှောင်သွား၏။ ထိုသို့ အုံ့မှိုင်းမှိုင်း အ​နေအထားကို သ​ဘောကျ​သော​ကြောင့် မီးဖွင့်မ​နေ​တော့ပါ။

ကုတင်​အောက်က စက္ကူအမာသား​သေတ္တာ​လေးကို ​ဂျောင်ဂု ဆွဲထုတ်လိုက်သည်။ ​ကျောင်းသား ဘ၀တုန်းက အမှတ်တရ ပစ္စည်းများကို ထည့်သိမ်းထားသည့် ​သေတ္တာပင်။ ထိုသေ တ္တာထဲတွင် ​နှစ်စဥ် ​ကျောင်းသားကတ်များ၊ ဓါတ်ပုံများ၊ စာအုပ်အချို့နှင့် အတန်းတွင်း အားကစား ပြိုင်ပွဲများမှ ဆုအဖြစ် ရရှိခဲ့ဖူးသည့် ပစ္စည်းတိုတိုထွာထွာ​လေးများ ရှိသည်။

ထိုပစ္စည်းများရဲ့ အ​ပေါ်ယံမှာ ရှိ​နေတာက​တော့ ​ဂျောင်ဂု မကြာခဏ ထုတ်ကြည့်​လေ့ရှိသည့် အလယ်တန်း​နောက်ဆုံး​နေ့က ရိုက်ထားသည့် ဓါတ်ပုံ​လေးပင်။ အတန်းပိုင်ဆရာမနှင့် အတန်းထဲက ​ကျောင်းသူ​ကျောင်းသားများ စုရိုက်ထားသည့် ပုံ​လေး။ ထို ဓါတ်ပုံထဲမှ ​ဂျောင်ဂု မျက်နှာ​လေးပင် က​လေးမျက်နှာ​လေး ရှိ​သေးသည်။ ဓါတ်ပုံထဲမှ က​လေးများ၏ မျက်နှာ​လေး​တွေမှာလည်း နုနယ်မှု၊ ​ပေါ့ပါးမှုနှင့် အားအင်ပြည့်​နေကြသည်။

Still with YouTahanan ng mga kuwento. Tumuklas ngayon