Ep 1.1 အဆိုးဖြင့်စတင်ခြင်း

1.7K 62 5
                                    


"အချိန်ပိုင်းအလုပ်လုပ်နေတ့ဲ bar မှာရှိတ့ဲ အမှိုက်တွေကို ပစ်ပီး ပါးစပ်ထဲ စီးကရက်တစ်လိပ်န့ဲ ရပ်နေတ့ဲအချိန် အသံတစ်ခုခုက ကျွန်​ေတာ့အာရုံကိုဆွဲဆောင်သွားတယ် ။ကျွန်တော့ အကြည့်တွေက ဘေးနားက လူတစ်စုဆီရောက်သွားတယ် ။ လူ ငါးယောက် ခြောက်ယောက်လောက်က လမ်းပေါ်က လဲကျနေတ့ဲ လူတစ်ယောက်ကို ဝိုင်းကန်နေကြတယ် ။ သူတို့ဆီက အသံတွေကို မကြားချင်ယောင်ဆောင်ပီး အာရုံတွေကို စီးကရက်ဆီသာ ပြန်ပို့ပီး နာနာဖိဖွာနေလိုက်တယ်။ ဒီလမ်းကြားက အမှိုက်တွေချည်းပဲမို့ အမှိုက်ပစ်တ့ဲသူန့ဲ ဆိုင်ရှင်တွေလောက်ကလွဲရင် ဘယ်သူမှမလာကြလို့ မှောင်မဲနေတာပဲ။"

"Chea!!! အားတွေရှိလှချည်လား ဆရာ" ။ အမှောင်ထဲကနေ အသံခပ်တိုးတိုးကို ကြားလိုက်တယ်
ငါဂရုမစိုက်ဘဲ ဆိုင်နောက်က တံခါးကို ပိတ်ဖို့လုပ်လိုက်တယ် ၊ အလုပ်ပိတ်ချိန်ရောက်ပီ ၊ ကျွန်တော်က ကျောင်းပီးသွားလို့ အထူးအလုပ်လက်ခံပီး ဝင်လုပ်နေတ့ဲ စားပွဲထိုးပါ၊ ဒီလိုအချိန်ဆို လူတွေအများကြီးလာကြတယ်၊ တစ်ချို့လူတွေက တက္ကစီခေါ်ဖို့စောင့်ကြတယ်၊ တစ်ချို့ကျ ရည်းစားရှာပီး မိန်းကလေးတွေန့ဲ ဆက်ဆံကြတယ်၊ တစ်ချို့လူတွေကျ ငါ့လို ယောကျာ်းလေးတွေကို ရည်းစားထားကြတယ်၊ ငါကဒေါသမကြီးတတ်ပါဘူး၊ သူတို့ကို မနှောင့်ယှက်ချင်ဘူး ၊ ကြည့်ရတာ အ့ဲတစ်ယောက်က တစ်ယောက်ယောက်ရ့ဲအဖေကို မတော်တဆသွားကျိန်ဆဲမိတာထင်တယ် ဖြစ်နိုင်တယ် ၊ သူ့ကိုဝိုင်းကန်နေတာ မြင်ရတော့ ငှက်တွေကိုကြည့်လိုက် သစ်ပင်တွေကိုကြည့်လိုက် လုပ်ပေမ့ဲ စိတ်ထဲမှာတော့ ဒီခွေးကောင် တကယ်ကို အမှားသွားလုပ်တာလားလို့ တွေးနေတာ၊ အ့ဲဒါကြောင့် ဝိညင်းကန်နေတာဖြစ်မယ်

"သွားခွင့်ပြုပါ!!! " ဘယ်လောက်တောင်ကြမ်းနေလဲ
ကျွန်တော်လှည့်ကြည့်လိုက်တော့ မြေပြင်မှာလဲကျနေတ့ဲ ကောင်လေးက လူဆိုးတွေရ့ဲမျက်နှာကိုရိုက်ဖို့ မတ်တပ်ရပ်နေတာတွေ့လိုက်တယ် ၊ ကျွန်တော် စီးကရက်ကို ပျင်းရိစွာဖွာရင်း နှစ်ခါလောက်ကြည့်မိလိုက်တယ်၊ ငါ့ခြေထောက်တွေက ရည်မှန်းထားတ့ဲ ပန်းတိုင်ဖြစ်တ့ဲ အနီးနားက ကားပါကင်ကို လမ်းလျှောက်ပြန်ပီး အိမ်ပြန်ပီး အနားယူဖို့အသင့်ဖြစ်နေပီ ဒါပေမ့ဲ လူယုတ်မာတစ်ယောက် ငါ့အကျီကိုသာ လာမကိုင်ခ့ဲဘူးဆိုရင်..။

KINPORSCHE(MM Translations) Where stories live. Discover now