Unicode

2.6K 217 16
                                    


" ညီလေး... မင်း ဆိုင်အခြေအန ကောင်းလားကွ "

" ကောင်းတယ် ဟျောင်း"

"ညီလေး မင်းရော အဆင်ပြေရဲ့လား "

" ပြေတာမှ အရမ်းပဲ ဟျောင်းရာ "

အပြင်က ထိုစကားသံတွေကို လျစ်လျူရှုကာ စတိတ်ကိုသာ အာရုံစိုက် ပြင်နေလိုက်သည်။ ဘာလို့ဆို ကျွန်တော် မကြားကြားအောင် ညီလေးချင်းထပ်အောင် တမင်ပြောနေကြသူတွေကို ထူးပြီး အရေးမလုပ်ချင်တော့။ အခုက ကျွန်တော့ဆီမှာလည်း အလကား လာစားကြသေးတယ် ကျွန်တော့်ကို ခနဲ့နေကြတာလေဗျာ စေတနာကို တုံးတယ်။ တစ်ခြားသူတွေက မပြောရဘူး။ တစ်ခုခုဆို သူတို့က ရောက်လာကြပြီး အရင်နှိပ်ကွပ်ကြသည်။ အခုလည်း အားလပ်ရက်ကို ဘူဆန်က ကျွန်တော့်ဆိုင်အထိလာပြီး ကျွန်တော့်ကို လာနှိမ်နေကြသည်။တစ်ခါတလေကြ အတွေးဝင်မိတယ် သူတို့က ကျွန်တော့်အစ်ကိုတွေများဟုတ်ကြလားလို့။ဒါတောင် ကံကောင်းသည်ဟု ပြောရမည်။ ချစ်လှစွာသော မာတာမိခင်လေးက ညီအစ်ကိုအရင်းအချာ မမွေးခဲ့သည်မို့။ ဝမ်းကွဲတောင်ကျွန်တော့်မှာ တော်တော်လေး လက်လန်လှပါပြီ။
ညီလေးဆိုတာကို အမြင်ကတ်ချင်လှအောင် ခေါ်ခေါ်ပြောနေသူက အမေ့ အစ်ကိုကြီးက မွေးတဲ့ သူ့ကိုယ်သူ ကမ္ဘာပေါ်မှာ အချောဆုံးလို့ ခံယူထားတဲ့ အကြီးဆုံးသား ဂင်ဆော့ဂျင် ဂျင်ဟျောင်း ။ နောက်တစ်ယောက်က သူ့ညီ ကျွန်တော့်နဲ့ ကစားဖော် ဂင်ထယ်ယောင်း ထယ်ယောင်းဟျောင်း။ နောက်ဆုံးတစ်ယောက်က အမေ့ညီမရဲ့ တစ်ဦးတည်းသောသား အရယ်သန်သူလေး ဂျောင်းဟိုဆော့ ဟိုဘီဟျောင်း။ ကျွန်တော်ကလည်း တစ်ဦးတည်းသောသားဆိုတော့ 𝐎𝐦𝐦𝐚က အထီးကျန်မှာ စိုးရိမ်ကာ သူ့တူတွေနှင့် ရင်းရင်းနှီးနှီး ပေါင်းသင်းခိုင်းသောကြောင့် ကျွန်တော်တို့က ညီအစ်ကိုအရင်းလိုပင်။ ငယ်ငယ်တုန်းကတော့ ပျော်တာပေါ့။ အသက်ကလည်း သိပ်မကွာကြတော့ ပေါင်းလို့သင်းလို့လည်း ကောင်းပြီး ဆိုးတူကောင်းဖက်တွေပင်။ ဂျင်ဟျောင်းနဲ့သာ ခြောက်နှစ်လောက်ကွာပေမယ့်လည်း ဟျောင်းက ကျွန်တော်တို့နဲ့ အမြဲလာရောတော့ သက်တူရွယ်တူလိုပေ ရင်းနှီးကြသည်။

"ညီလေး မင်းကွာ ပိန်သွားသလိုပဲကွ "

" ဟုတ်လား ဟျောင်း"
ဂျင်ဟျောင်းက ထယ်ယောင်းဟျောင်းကိုပြောနေသော်လည်း အကြည့်တွေကတော့ ကျွန်တော့်ဆီမှာပင်။
ဒါက တမင်သက်သက် ကျွန်တော်လာသည်ကို တွေ့လို့ ပြောင်နေခြင်း။ ရုပ်တွေကလည်း ပြောင်စပ်စပ်နှင့် ကျွန်တော့်ကို ကြည့်နေကြတာ ။နောက်ပြီး ဘယ်တုန်းက ညီလေးလို့ ခေါ်ဖူးတာကျလို့။ ကျွန်တော် မသိရင် ခက်မယ်။
ကြာတော့ ကြည့်မရလာတာနဲ့ စားပွဲပေါ်သို့ စတိတ်ပန်းကန် နှစ်ချပ်ကို ဆောင့်ချပစ်လိုက်သည်။ ထယ်ယောင်းဟျောင်းက ပန်းကန်တွေကို ထိန်းကိုင်ကာ

ညီလေး/ညီေလး(One shot)Where stories live. Discover now