အခန်း (၃၂) ကိုယ့်မိန်းကလေးမို့ ပြန်မလွှတ်တော့ဘူး

37 6 0
                                    

Unicode

ကံကြမ္မာ ချည်ငင် သို့မဟုတ် ဒဏ္ဍာရီထဲက ဧကရီ

The Legend of a Phoenix Empress: The Beginning Arc

အပိုင်း (၃၂) ကိုယ့်မိန်းကလေးမို့ ပြန်မလွှတ်တော့ဘူး

မီးပုံးလေးများ ရောင်းချသည့်နေရာတွင်တော့...
အန်ဖျင်းမင်းသမီး က ဆုတောင်းစာကို ရေးပီး မီးပုံးထဲ လိပ်ထည့် လျှင် ထိုမီးပုံးကို လီယွန်းက တံတားပေါ်ရှိ ကြိုးတန်းတွင် ချိတ်ပေးပီး ဆုတောင်းစေသည်။

ခပ်လှမ်းလှမ်းတွင် နေ၍ ခစားသော ဂါအွန်းကတော့ မကျေမနပ်ဖြင့် ပွစိပွစိ ရေရွတ်နေလေသည်။

မကျေမနပ်မဖြစ်ပဲနေနိုင် ရိုးလားမင်းသမီးကို တွေ့ချင်ပါတယ် ဆိုလို့ ဆုတောင်းဗိမ္မာန်နားကို လိုက်ပို့ပါတယ်၊ မင်းသမီးကို စွေ့ခနဲ မြင်းပေါ်တင်ပီး ဒုန်းစိုင်းပြေးသွားတာဆိုရင်ဖြင့် သူမမှာ ဒုက္ခများပီး ဘယ်သူ့အော်ခေါ်ရမှန်းမသိ၊ မင်းသမီးခိုးထွက်တာ လူသိလို့လဲမရ၊ ပြေးလိုက်လို့လဲမမီ၊ ငယ်ထိပ်တည့်တည့် မိုးကြိုးပစ်ချလိုက်သလို ခံစားလိုက်ရသည်။

ခနအကြာ အဲ့လူအစေခံမလေး ရောက်လာလို့သာ မင်းသမီးရှိနေသည့်နေရာကို ရောက်လာနိုင်ခြင်းပင်ဖြစ်သည်။ မစဥ်းစားပဲ ဒုက္ခပေးလွန်းတယ်၊ အတင့်ရဲတဲ့ကောင် ဟုသာ ကျိန်ဆဲနေလေသည်။

ဤသည်ကိုလည်း နားပါးသော ချီသော်စန်းက ကြားဖြစ်အောင်ကြားနေရသည်။ သွေးတက်ပီးသေတော့မလို ဖြစ်နေတာကို စေတနာထားပီးလဲ ခေါ်လာရသေးသည်။ သူမ မင်းသမီးကိုပဲ သဲသဲလှုပ်အကဲပိုနေသော အပျိုတော်ဆိုတဲ့ ဟာမကို ကြည့်လို့ကိုမရ၊ သူ့မင်းသမီးကမှ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ကို မင်းသမီးအဆင့်ပဲ ရှိသေးသည်။

သူမတို့အရှင်သခင်ဆိုလျှင် တောင်ပိုင်း လူ ၇ သိန်းကိုအုပ်ချုပ်ရသော မျိုးနွယ်စုအရှင်သခင်၊ ပီးတော့ လီတိုင်းပြည်ရဲ့ ဘုရင်အစစ်။ ယှဥ်လိုက်ရင် အကွာကြီး..ဒါကိုပင် မတူမတန်သလို ပုံစံလုပ်ပြနေသေးသည်။

ကျားလေးပြောတာတော့ အရှင်သခင်သည် မင်းသမီးကို တကယ်ချစ်နေသည် ဟုဆိုသည်။ ယောကျာ်းလေးချင်းမို့ မင်းသမီးကို ချစ်တဲ့မျက်ဝန်းတေနဲ့ ကြည့်နေမှန်း သိသာစွာမြင်ရသည်ဟု ဆိုသည်။

ကံကြမ္မာ ချည်ငင် ( ဒဏ္ဍာရီ ထဲက ဧကရီ ) Book 1( Season 1+2)Where stories live. Discover now