Guitar Jeon~(Part 1🤎)

2.8K 126 11
                                    

ခမ်းနားသည်ဟုမဆိုနိုင်သော သာမန်လူတန်းစားတို့သာနေထိုင်နိုင်ခြေရှိသည့် နှစ်ထပ်အိမ်ဖြူကြီးထဲ၀ယ်...သာယာလှပသော Guitarသံတိုးလျလျက ပျံ့လွင့်လို့နေတယ်...

ထိုအိမ်ထဲသို့‌၀င်ကြည့်လိုက်မယ်ဆိုရင်...Guitar‌လေးတစ်လုံးကိုရင်ဝယ်ပိုက်လျက် ခုံလေးတလုံးပေါာကျုံ့ကာ"ထိုင်နေသော ပေါင်တံသွယ်လျလျတို့ရဲ့ပိုင်ရှင်..(သို့မဟုတ်) Guitarကြိုးတို့‌အပေါာပြေးလွှားကစားနေသော လှပသောလက်ချောင်းလေးတို့ရဲ့ပိုင်ရှင် တနည်းအားဖြင့် သာယာ‌လှပသော Guitarသံတိုးလျလျကိုဖန်တီးသူ အလှလေး ဂျွန်ဂျောင်ကု‌~

"Where is my angel~~"

"တစ်နေ့တာရဲ့အဆုံးသတ်လေးမှာ~"

"Someone come and save me,pls~"

"ပင်ပန်းလွန်းတဲ့တစ်နေ့တာရဲ့ သက်ပြင်းချသံတစ်ခု~"

"လူတိုင်းကပျော်ရွှင်နေကြတယ်ထင်ပါတယ်~"

"Can you look at me?Cuz I am Blue and Grey~"

"မှန်ထဲမှာထင်ဟပ်နေတဲ့မျက်ရည်တွေရဲ့အဓိပ္ပါယ်ကတော့~"

"အပြုံးလေးတစ်ခုနဲ့ဖုံးကွယ်ထားတဲ့ ငါ့ရဲ့အရောင်လေး Blue and Grey~"

ငြိမ့်ငြောင်းလှသောGuitarသံနှင့်အတူ ထွက်ပေါာလာသောထိုGuitarသံလေးကိုဖန်တီးသူ၏အသံချိုချိုလေး~

ထိုရစ်မူးဖွယ်ရာချိုသာလှသောအသံကို"မကောင်းဘူး"ဟုပြောသည့်လူသည် အလွန်မိုက်မဲတဲ့သူပင်ဖြစ်ပါလိမ့်မည်...

"အာ့!"

အာ့ခနဲအသံ၏လှုံ့ဆော်မှုကြောင့် ချက်ချင်း ဘေးနားကနေထလာတဲ့တစုံတယောက်~

ဟုတ်ပါသည်..ထိုလှပသောGuitarသံကိုဖန်တီးသူဂျွန်ဂျောင်ကု၏ ဘေးနားတွင်လူတယောက်ထိုင်‌နေခဲ့ပါသည်..

"ဂျွန်! ဘာဖြစ်သလဲ! မောင့်ရဲ့ဂျွန်! ဘာများဖြစ်သလဲ!"

"ဘာမှမဖြစ်ဘူးမောင်..ဒီတိုင်း လက်နည်းနည်းရှသွားတာပါ.."

"ဂျွန်ရယ် အက်တာကြောင့် Guitarတီးရင်ဂရုစိုက်ပါလို့ အတန်တန်ပြောထားတာကိုကွာ..

"..."

"ဟူး တွေ့လား ဆူလိုက်ရင် ငိုမဲ့မဲ့လေးဖြစ်သွားပြန်ပြီ ကိုယ်ကဂျွန့်ကိုစိတ်ပူလို့ပြောတာလေနော်"

"ဟုတ်ကဲ့ပါ မောင်ရဲ့ နောက်ဆို ဂျွန် သတိထားပါ့မယ်.."

"ဟုတ်ပြီ ဒါဆို မောင် ဆေး‌သွားယူလိုက်ဦးမယ် ဒီမှာထိုင်စောင့်နေနော်..မောင့်အသက်!"

"ဟုတ်.."

မောင်....အင်း..မောင်ဆိုတဲ့ကင်မ်ထယ်ယောင်းက ကျွန်တော်ဂျွန်ဂျောင်ကုရဲ့ အမြတ်နိုးရဆုံးလူသားတယောက်ပေါ့...သူနဲ့ကျွန်တော်က ချစ်သူသက်တမ်း4နှစ်..ခင်မင်မှုသက်တမ်း 6နှစ်ရှိခဲ့ကြပြီ...ကျွန်တော့် အသက်17နှစ်မှာ မောင်က ကျွန်တော်တို့ကျောင်းကိုပြောင်းလာခဲ့တာ သူနဲ့ကျွန်တော့်ရဲ့ပထမဆုံးဆုံတွေ့မှုက‌.......

__________________________________

🤍THANK YOU FOR READING 🤍

Taekook Short Collection 🤍Where stories live. Discover now