Guitar Jeon (Part 2🤎)

1.4K 107 21
                                    

*Flash Back*...

"ဂျွန်ဂျောင်ကု!"

ခေါာသံအဆုံးတုံ့ခနဲရပ်သွားမိသောသူ့ခြေလှမ်းတွေ...

"ဗ..ဗျာ"

ထွက်ပြေးချင်ပါသည် ထိုသူတို့နှင့်ဟိုးအဝေးဆုံးတနေရာကိုထွက်ပြေးချင်မိပါသည်။သို့ပေမဲ့ သူမတက်နိုင်ခဲ့ပါ။

"ဒီကိုလာ.."

"ဟုတ်~"

အပြေးကလေးသွားမိသည်။ကြောက်သည်။ထိုသူတွေကိုသူသိပ်ကြောက်မိသည်။

"ဒီမှာထိုင်"

ထို ဂျောင်မင်ဂျူ ဆိုသည့်သူကသူ၏ညာဖက်ဘေးတွင်လာထိုင်ခိုင်းသည်။သူ၏ဘယ်ဘက်ဘေးတွင်တော့ သူ့အပေါင်းအပါများဖြစ်သည့် ဂျိုလီဟွန်း နဲ့ မင်ဂျယ်ဆူ တို့ပေါ့...

"ဟို ကျွန်တော်.."

"ထိုင်ဆိုထိုင်လိုက်လေ စောက်ထွန့်လာတက်နေတာလား?"

"မ..မဟုတ်ရပါဘူး..ဟင့်"

"လာထိုင် အခု"

နောက်ဆုံးတော့ဘာမှမတက်နိုင်သောသူကပဲ ထိုသူ၏ဘေးနားသွားထိုင်လိုက်ရသည်။

ထိုသူသည် cigaretteတလိပ်ကိုပါးစပ်‌တွင်တေ့ကာ..

"ရော့"

ပေးလာခဲ့သောမီးခြစ်ကြောင့် ဘာလုပ်ခိုင်းမှန်းသူသိလိုက်ပြီ။သူမီးခြစ်ကိုခြစ်လိုက်ကာ ထိုသူ့ပါးစပ်တွင်းရှိဆေးလိပ်၏ထိပ်တွင်တေ့ပေးလိုက်သည်။

ထို‌နောက်တွင်တော့...

"ဖူးး"

"အဟွတ် အဟွတ်!!"

မျက်နှာရှေ့တည့်တည့်သို့ မှုတ်ထုတ်လာခဲ့သော ဆေးလိပ်ငွေ့များကြောင့် မျက်ရည်ပါဝဲတက်လာခဲ့ရသည်။

"ထ!"

"ဟင်"

"ထလို့ သွားမယ်"

"ဘယ်..ဘယ်သွားရမာလဲဟင်"

"သိစရာမလိုဘူး အဟက်!"

ကြောက်ပါသော်ငြားလည်းမလွန်ဆန်နိုင်သောသူ့အဖို့ ခေါင်းငုံ့ပြီးသာလိုက်သွားမိသည်။

ထိုဂျောင်မင်ဂျူတို့အဖွဲ့သည် သူ့အား အနိုင်ကျင့်နေကျ အဖွဲ့တဖွဲ့!!

Taekook Short Collection 🤍Tempat cerita menjadi hidup. Temukan sekarang