မငိုပါနဲ့သူငယ်ချင်း

11 3 0
                                    

Unicode

XiaoZhe မားမားရဲ့ WeChat ကစာလေးပါ။
မားမားက သူ့ဆိုင်မှာ လာငိုနေတတ်တဲ့ Haizhe လေးတွေအကြောင်းရေးပြီး Haizhe လေးတစ်ယောက် သူ့ဆီပို့ထားတဲ့စာလေးကို ပြန်ပြီး Share ထားတာပါ။ တကယ်ကိုငိုမိပြန်တယ် 😭😭😭

Crd: Facebook Link လေးပေးထားပါတယ်

https://www.facebook.com/groups/292447681317423/permalink/1010844676144383/

မငိုပါနဲ့ ...သူငယ်ချင်း!!!
      ကျွန်မ ရဲ့ လက်ဖက်ရည်ဆိုင်ကိုသွားတဲ့အခါတိုင်း လက်ဖက်ရည်ဆိုင်တံခါးဝမှာ ငိုနေတဲ့ သူငယ်ချင်းငယ်‌လေးတွေတွေ့ရတယ်။ ကျွန်မဆိုင်ကတံခါးပိတ်ထားပေမယ့် သူတို့ကတံခါးဝမှာ ထိုင်ပြီး ငို နေကြတယ်။ ဒီမြင်ကွင်းကိုမြင်တော့ ကျွန်မ လဲမျက်ရည်တွေနဲ့လှည့်ပြန်ခဲ့ရတယ်။  ဒဏ်ရာရနေတဲ့ ကျွန်မ နှလုံးသားက ကျွန်မ လိုပဲဒဏ်ရာရနေတဲ့တခြားသူ‌တွေကိုသက်သာမှုမရစေနိုင်ဘူးဆိုတာ ကျွန်မ သိတယ်လေ။  တစ်ခါတလေ ရှောင်လို့မရတဲ့အခါ မငိုပါနဲ့သူငယ်ချင်းလေးတို့ရယ် လို့ နှစ်သိမ့်ပေးချင်တယ်။ တကယ်တော့ ကျွန်မကအဲ့ဒီသူငယ်ချင်းလေးတွေကို မငိုဖို့ နှစ်သိမ့်လိုက်တဲ့အခါ အိပ်မက်ကနေလန့်နိုးလာတဲ့အခါတိုင်း ဒါမှမဟုတ် အနားမှာဘယ်သူမှမရှိတဲ့အချိန် တိုင်းကျွန်မကိုယ်တိုင်ဘယ်နှစ်ခါ ငိုခဲ့ရမှန်း မသိသလို မျက်ရည်တွေ ခမ်းခြောက်သွားသလို တောင်ခံစားခဲ့ရပါတယ်။  ကျွန်မသူငယ်ချင်းလေးတွေကိုမျက်ရည်တွေနဲ့တိုးတိုးလေးပြောချင်တာက မငိုပါနဲ့သူငယ်ချင်းတို့ရေ နှလုံးသားလေးကနေသာနေတယ်ဆိုရင်တောက်ပတဲ့အနာဂတ်လမ်းရှိနေဆဲပါလို့..ဒီနေ့ ကျွန်မမွေးနေ့မှာ မြူခိုးထူထူ လို ဝိုင်းရံထားတဲ့ ချစ်ခြင်းမေတ္တာနဲ့ ကောင်းချီးပေးမှုတွေကို ခံစားခဲ့ရတယ်။ ကျွန်မဘာ့ကြောင့် စိတ်ဓာတ်ကျပြီး ဝမ်းနည်းနေရမှာလဲ။ လောကကြီးက တရားမျှတပြီး လူတွေရဲ့စိတ်နှလုံးကဖြူစင်တယ်လို့ ကျွန်မယုံကြည်နေတုန်းပဲ။ သူငယ်ချင်းလေးတွေရဲ့ ဤနက်နဲသောချစ်ခြင်း‌မေတ္တာတွေနဲ့အတိတ်က နာကျင်မှုအားလုံးကို‌ချေမွပြီး ရွှံ့‌ စေးအဖြစ်အသွင်ပြောင်းရမယ်။ နေသာသောနှလုံးသားလေးကို အာဟာရဖြည့်တင်းပေးပြီး သတ္တိရှိရှိ ရှေ့ဆက်သွားရမယ်- မနှုတ်ဆက်ပဲခွဲခွာခဲ့တဲ့ သူငယ်ချင်းမို့ပြန်ဆုံမယ့်ရက်ဆိုတာရှိလာမှာပါ..

မိခင်တစ်ယောက်ရဲ့ ရင်ထဲက စကားသံများWhere stories live. Discover now