ကျန်းမားမားပြောတဲ့ဟန်အာလေးပုံပြင် အပိုင်း-၂

2 1 0
                                    

Unicode

ကျန်းမားမားပြောတဲ့ဟန်အာလေးပုံပြင် အပိုင်း-၂

ဒီတခေါက်နွေဦးပွဲတော်အတွက် ကျွန်မအိမ်ပြန်လာတဲ့အခါ ကိုင်တွယ်ဖြေရှင်းစရာတွေ အများကြီးနဲ့အလုပ်ရှုပ်လွန်းလို့ စာရေးဖို့တောင်အချိန်မရှိခဲ့ဘူး။ 

ဒီနေ့တော့ အားလပ်ချိန်လေး နည်းနည်းရှိတော့ ဟိုအရင်တုန်းက သိမ်းဆည်းထားတဲ့ စာမူအချို့ကို ဖြတ်ပြီး တစ်ခုခုတော့ရေးစရာ ရသွားတယ်။

ငယ်ငယ်တုန်းက ဟန်အာလေးအကြောင်း ရေးခဲ့တဲ့ ဆောင်းပါးလေးတွေကိုစုစည်းပြီးတော့ သူ့ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အခိုက်အတန့်တွေကို မှတ်တမ်းတင်ခဲ့ပါတယ်။

ဟန်အာနဲ့ကျူးအားရီ

"ဟန်အာ~ ကျူးအားရီ က သားအတွက် ရှောက်သီးတွေ လာပို့တယ်" လို့ အိမ်ထဲဝင်တာနဲ့ ကျွန်မက ပြောရင်း  သားကို လှမ်းခေါ်လိုက်တယ်။

"ဟေး ~ ကျူးအားရီ " ဟန်အာက ဝမ်းသာအားရပြေးလာပြီး အထုပ်ကိုဖွင့်ခါနီးတော့ ကျွန်မက သားကိုကြည့် ရယ်မောပြီး " ဟန်အာ သားက အရမ်းအစားပုတ်တဲ့အ ကြောင်းကို ကျူးအားရီးဆီကို စာရေးလိုက်မယ် " လို့ကျွန်မကပြောတော့ ဟန်အာက "မားမား ကျူးအားရီဆီကိုစာမရေးပါနဲ့နော် ကျူးအားရီးက သိသွားရင် သားကို ရယ်လိမ့်မယ်”လို့ ဟန်အာကပြာပြာသလဲပြောတယ်။

အသက်လေးနှစ်မပြည့် သေးတဲ့ သားက မျက်နှာအရမ်းလိုချင်သေးတယ်။  ကျူးအားရီဆိုတာက Shanghai Cadre Training College မှာ ကျွန်မကျောင်းတက်နေတုန်းက ဆုံတွေ့ခဲရတဲ့ အတန်းဖော်တစ်ဦးဖြစ်ပါတယ်။

သူမက ကျွန်မနှင့် အသက်အရွယ်တူ Zhengzhou မှဖြစ်ပြီး အဆောင်တစ်ခုတည်းမှာ နေထိုင်ပါတယ်။ ရှန်ဟိုင်းကို ကျွန်မကျောင်းလာတက်တော့ ဟန်အာကို ကျွန်မနှင့်အတူ ခေါ်ဆောင်လာခဲ့တယ်။

ပုံမှန်အားဖြင့် အတန်းချိန်အတွင်းမှာ သူ့ကို ကျွန်မရဲ့ သူငယ်ချင်းအိမ်မှာ အပ်ထားခဲ့ပြီ တနင်္ဂနွေနေ့များတွင်တော့ ကျွန်မနှင့် အတူနေရန် ဟန်အာကို ကျောင်းအဆောင်ကို ခေါ်လာခဲ့တယ်။ ဤနည်းဖြင့် ဟန်အာက သူ၏ ကျူးအားရီကို သိကျွမ်းလာခဲ့တယ်။

မိခင်တစ်ယောက်ရဲ့ ရင်ထဲက စကားသံများWhere stories live. Discover now