၇..မတော်တဆ

1K 102 1
                                    

[Unicode]

မျက်စိတစ်မှိတ်အတွင်းမှာပင် ဆောင်းဦးအလယ်ပိုင်းကိုရောက်လာပြီဖြစ်၍ ရာသီဥတုကလည်းတစ်နေ့ထက်တစ်နေ့ပိုပို၍အေးလာသည်။

လွန်ခဲ့သောရက်အနည်းငယ်က ကောင်းအိမ်တော်ကရှီအိမ်တော်သို့လာရောက်လည်ပတ်ခဲ့ကြသည်၊သူတို့ရောက်လာတော့ လန်ရှီးကကြို‌ဆိုဖို့ပင်မခန်းမဆောင်သို့သွားလိုက်သည်၊သူတို့ကမနက်စောစောလာလည်တော့ရှီကျန်းနဲ့ရှီချွင်းကမနိုးသေးပေ၊ထို့ကြောင့် လန်ရှီး‌လည်းကလေးတွေကိုမနှိုးတော့ပေ။

ရှီကျန်းနိုးလာတော့အခန်းထဲတွင်သူမတစ်ယောက်တည်းရှိတော့သည်။

ထို့ကြောင့် စန္ဒကူးပန်းပွင့်ပုံစံချည်ထိုးထားတယ့် ကော်လာမြင့်၀တ်ရုံကို၀တ်ဆင်လိုက်ပြီးဆံပင်ကိုလည်းသပ်ရပ်စွာထုံးဖွဲ့လိုက်၏။ထိုဆံထုံးပေါ်တွင်လည်းပုလဲကြိုးလေးများစီရင်လိုက်ပြီးပိုးပန်းလေးပါပန်ဆင်လိုက်သည်၊ထို့နောက် ပုံမှန်လုပ်ရိုးလုပ်စဉ်များပါသူမဘာသာသူမလုပ်လိုက်တော့သည်၊သူမ၏တက်ကြွစွာလမ်းလျှောက်ပုံမှာလည်းချစ်ဖို့ကောင်း၏သူမခဏလောက်လမ်းပတ်လျှောက်‌နေပေမယ့်ရှီချွင်းကိုမတွေ့တာကြောင့်အစေခံတစ်ယောက်အားမေးကြည့်ရာမှ ပင်မခန်းမထဲတွင်လန်ရှီးနှင့်အတူရှိနေတာကိုသိလိုက်ရသည်။

"အားချွင်း,ဘာလုပ်နေတာလဲ?"သူမကသံသယစိတ်များဖြင့်အခန်းထဲသို့ပြေးဝင်လာခဲ့သည်။

ရှီချွင်းက နှင်းဆီသစ်သားခုံပေါ်တွင်မတ်တပ်ရပ်နေပြီး ပန်းကိုင်းလေးတစ်ပွင့်ကိုလှည့်ပတ်နေသောငှက်လေးကောင်ဖြင့်အလှဆင်ထားသည့် မှန်ကိုမျက်နှာမူရင်းခေါင်းလေးကိုဟိုဘက်ဒီဘက်ယမ်းနေကာ"မမ လာကြည့်,ညီမလေးလှတယ်မလား?"

အနီးကပ်သွားကြည့်လိုက်မှ ရှီချွင်းကအမေဖြစ်သူရဲ့ကျောက်စိမ်းပုစဉ်းရင်ကွဲဆံညှပ်ကိုပန်ဆင်ထားမှန်းသိလိုက်ရသည်။

ရှီကျန်းကမရယ်မိအောင်ထိန်းထားလိုက်ရသည်၊ရှီချွင်းကသူမရဲ့ဆံထုံးပုံစံကိုလည်းခရုပတ်ပုံစံအဖြစ်သို့ရုတ်တရက်ပြောင်းလဲထားပြီးဆံထုံးမှာလည်းဆံညှပ်တစ်ခုတည်းသာပန်ဆင်ထားသည်၊ သူမ၏မျက်နှာသည် မရင့်ကျက်သေးသော်လည်းအရွယ်ရောက်သူအဖြစ်ဟန်ဆောင်ထားသောကြောင့်ရယ်စရာကောင်းပြီးချစ်စရာလည်းကောင်းလှ၏။ငယ်ရွယ်သော မိန်းကလေးအများစုက အရွယ်ရောက်ပြီးသူဖြစ်ရန် စိတ်ကူးယဉ်တတ်ကြပြီးရှီချွင်းသည်လည်း ခြွင်းချက်မဟုတ်ပေ။

ချစ်စရာကောင်းသော ဇနီးငယ်Where stories live. Discover now