3🍀

1.5K 189 9
                                    

U&Z

"ဟယ်!... သားတို့ဒါကဘယ်လို ဖြစ်လာတာလဲ"

ဂျောင်ကုကို ကုန်းပိုးကာအိမ်ထဲဝင်လာသော ကိုယ့်အားမေမေက စိုးရိမ်တကြီးမေးကာ အနားသို့ရောက်လာသည်။

"ဂျောင်ကု အလက်ဂျစ်ဖြစ်တာမေမေ အဲ့တာညနေ့အတန်းဖြတ်ပြီးအိမ်ကိုတန်းပြန်လာလိုက်တာ။ဂျောင်ကုအမေကို သားသွားခေါ်လိုက်အုံးမယ်။ဂျောင်ကုကို ‌မေမေခဏကြည့်ပေးထားနော်"

"အော်...အေးအေး"

‌ဂျီမင် ကျောင်းကနေအိမ်ကို ကားငှားလာတာဖြစ်ပြီး ခြံရှေ့ရောက်မှအိပ်ပျော်နေသော ကောင်လေးကို ကုန်းပိုးကာခေါ်လာခြင်းဖြစ်သည်။

ခဏကြာတော့ ဂျောင်ကုအမေကိုအကျိုးကြောင်းပြောကာ‌ဂျီမင်ခေါ်လာခဲ့သည်။ဂျောင်ကုအမေက ကိုယ့်အားစိတ်မဆိုးသည့်အပြင်တဖွဖွပင်ကျေးဇူးတင်စကားဆိုနေသည်။ဂျောင်ကု ဂဏန်းနဲ့မတည့်တာ သူကြိုမပြောပြလိုက်မိ၍အခုလိုဖြစ်ခြင်းက သူ့အမှားသာဖြစ်ကြောင်းပြောလာသည်။
သို့သော်လည်းဂျောင်ကုအမေအားဂျီမင်အားနာမိသည်။

ဘာဘဲဖြစ်ဖြစ်ကိုယ်ကျွေးလိုက်၍သာ ဒီကလေး ဂဏန်းကိုစားမိသွားခြင်းမဟုတ်လား....။

မေမေကလည်းဒီနေ့မှဂဏန်းဟင်းချက်ပေးလိုက်၍သူ့ကိုယ်သူအပြစ်တင်နေသည်။နောက်ဆုံးတော့လည်း တစ်ယောက်ကိုတစ်ယောက်နားလည်ပေးရင်းပင် ထိုကိစ္စအားမေ့လိုက်ကြသည်။
ဂျောင်ကုနိုးလာသော သူ့အမေနှင့်အတူဟိုဘက်ခြံသို့ပြန်သွားပြီးဂျီမင်လည်း လိုက်ပို့လိုက်သည်။
‌ဂျီမင့်စိတ်ထဲဒီကောင်လေးကိုအခုထိအားနာနေမိတယ်လေ...။

ဘာကြောင့်လည်းတော့ဂျီမင်မသိပေမဲ့ ဂျောင်ကုပြောခဲ့တဲ့'ကိုကို‌စေတနာနဲ့ကျွေးလို့စားတယ်'ဆိုတဲ့စကားက ဂျီမင့်ရင်ကိုလှုပ်ခတ်စေပြီး ဒီကောင်လေး၏ကိုယ့်အပေါ်ထားသော ခင်မင်သည့်သံယောဇဉ်လေးကိုပါ သိမြင်လာမိသည်။
စိတ်ထဲတွင်လည်း ဂျောင်ကုကိုဒီနေ့ကစပြီး ကိုယ့်ရဲ့ညီလေးတစ်ယောက်လိုပင်စောင့်ရှောက်ပေးမည်ဟု ဆုံးဖြတ်လိုက်မိသည်။

~~~

"သက်သာရဲ့လား ဂျောင်ကု"

"ဟုတ်ကိုကို သက်သာပါတယ် အနီကွက်တွေလဲမရှိတော့ဘူး"

ငယ်ချစ်🍀(Completed)Opowieści tętniące życiem. Odkryj je teraz