🐰ငယ်ငယ်🐰

762 35 12
                                    

အမှောင်ယံကြီးစိုးနေသောလမ်းမကြီးထက်တွင်ဆိုင်ကယ်သံပြင်းပြင်းတစ်ခုသာကြီးစိုးနေလေသည်။ထိုဆိုင်ကယ်ပေါ်၌လေမတိုးနိုင်အောင်တင်းကြပ်စွာဖက်ထားသောကောင်လေးနှစ်ယောက်ရှိသည်။

ထိုကောင်လေးနှစ်ယောက်သည်အရပ်ချင်းလည်းမတန်းမယိမ်းရှိပြီးရုပ်ရည်သန့်ပြန့်စွာကြည့်ကောင်းတဲ့သူတွေပင်ဖြစ်သည်။ရှေ့ကဆိုင်ကယ်မောင်းနေသောကောင်လေးသည် အသားရေသိပ်မဖြူသော်လည်းရုပ်ဖြောင့်ကာကြည့်ကောင်းလှသည်။နောက်ကကောင်လေးကတော့အသားရေဖြူလွန်းပေမယ့်ဖြူနေတဲ့အသားရေကပင်ထိုကောင်လေးအလှကိုပိုပေါ်လွင်စေသည်။ထိုကောင်လေးနှစ်ယောက်သည်မိဘတွေသဘောမတူသဖြင့်ခိုးပြေးလာကြခြင်းဖြစ်သည်။

"အကို ပင်ပန်းနေပြီလား ''

"အကိုမပင်ပန်းပါဘူး ငယ်ငယ်ရောပင်ပန်းနေပြီလား ''

"ဟင့်အင်း အကိုနောက်လိုက်လာရတာ ငယ်မပင်ပန်းပါဘူး ''

"ချစ်ဖို့ကောင်းလိုက်တာငယ်ငယ်ရယ် ခနပဲစောင့် ရောက်တော့မှာ''

"ဟုတ် အကိုပင်ပန်းနေရင်ပြောနော် ''

"ဟုတ်ပါပြီဗျာ''

ချစ်ဖို့ကောင်းတဲ့ကျွန်တော်ရဲ့ငယ်လေးက ဂျွန်လေးဖြစ်သည်။ဥရောပသွေးရောနေသောငယ်လေးဟာယောကျာ်းလေးဖြစ်ပေမယ့်ဖြူဖွေးနုဖတ်ကာအတော်လှပေသည်။ငယ်လေးနဲ့စတွေ့ခဲ့တာက ကျောင်းနားကကော်ဖီဆိုင်လေးမှာဖြစ်သည်။

ကော်ဖီသောက်နေရင်းအခန်းထောင့်နားကခရမ်းရောင်ဆံပင်ကောင်လေးဆီအကြည့်ရောက်သွားကာမြင်မြင်ချင်းသဘောကျခဲ့မိလေသည်။နောက်တော့ငယ်ငယ်အားမရမကလိုက်ကာချစ်သူဘဝရောက်ခဲ့လေသည်။

သူ့နဲ့ငယ်ငယ်အကြောင်းကိုမိဘတွေအားဖွင့်ပြောမိတော့ ဥရောပသွေးတစ်ဝက်ပါနေတယ်ဆိုပြီးသဘောမတူကာသူ့အားမိန်းမပေးစားဖို့အတင်းလုပ်နေတာကြောင့်ငယ်ငယ်အားခိုးပြေးလာခဲ့ခြင်းဖြစ်သည်။

နှစ်ဖက်မိဘတွေဟာသဘောမတူသော်လည်းငယ်ငယ်အတွက်သာဆို သူအရာအားလုံးကိုစွန့်လွတ်ပစ်နိုင်သည်။ငယ်ငယ်ဟာလည်းသူလိုပင်ဆိုတာယုံကြည်သည်။ချစ်သူဘဝမှာနှစ်ယောက်သားစုကာ အိမ်ခြံမြေအချိုဝယ်ခဲ့ကြသည်။အခုတော့ပိုအသုံးဝင်ခဲ့တော့သည်။

Sex Sex (Jikook)Where stories live. Discover now