This ficition contains some inappropriate words . Read at your own risk.
-
-
-
-
-
-
-
-
-
-အခန်းထဲက တိုင်ကပ်နာရီက ည ၁၂နာရီကိုညွှန်ပြလျက်။ လူအိပ်ချိန်ဖြစ်တာကြောင့် ပတ်ဝန်းကျင်ကတိတ်ဆိတ်နေသည်။
လကွယ်ညမလို့ ခါတိုင်းထက်ပိုပြီးမှောင်မိုက်နေလျက်။ ညအမှောင်က မကောင်းမှုကိုလုပ်ဖို့ အားပေးနေသလိုပင်။
လောကတစ်ခုလုံး ငြိမ်သက်အိပ်မောကျနေသော်လည်း မအိပ်နိုင်သူကားရှိ၏။ Benjamin..... အခန်းပိုင်ရှင်ကလွဲရင် ဝင်ခွင့်မရှိတဲ့ အခန်းထဲမှာ အခုသူရောက်နေသည်။ အသက်နဲ့အလဲအထပ်လုပ်ရလောက်တဲ့အထိ အန္တရာယ်ကြီးမှန်းသိသော်လည်း သူဂရုမစိုက်အား။
သူ့အလုပ်ကိုက အန္တရာယ်နဲ့ အမြဲထိပ်တိုက်တွေ့နေရသောကြောင့် နေသားကျနေတာလည်းဖြစ်ချင်ဖြစ်လိမ့်မည်။ သို့သော် အခုသူရောက်နေတဲ့နေရာက ရန်သူ့နယ်မြေဖြစ်တာကြောင့် ခါတိုင်းထက်ပိုအန္တရာယ်များသည်။
ဓါတ်မီးတစ်လက်နဲ့ အလိုရှိရာကိုရှာဖွေနေသော်လည်း တွေ့ဖို့ကားခဲယဥ်းလှသည်။ အခန်းပိုင်ရှင်ရဲ့ စေ့စပ်သေချာမှုကိုပဲအပြစ်တင်ရမလား benjamin မပြောတတ်။ သူရောက်နေတာတော်တော်ကြာသွားပီဖြစ်တာကြောင့် မရိပ်မိစေရန် ရှာဖွေရေးခရီးစဥ်ကို ရပ်ဖို့ဆုံးဖြတ်လိုက်ရသည်။ ချွေးသီးချွေးပေါက်တွေကတစ်ကိုယ်လုံးနဖူးကနေခြေမအထိကျဆင်းလျက်။.........
အဲ့အခန်းကို ခြေရာလက်ရာမပျက်ထားခဲ့ရင်း ဘေးကအိပ်ခန်းထဲကိုဝင်လာခဲ့သည်။ ဝင်ဝင်ချင်းမှာပဲ ခါးကိုဆွဲဖက်လာတဲ့လက်တစ်စုံ နှာခေါင်းထဲဝင်လာတဲ့ ကိုယ်သင်းနံ့သင်းသင်း ။ ပါး၂ဖက်နဲ့လည်ပင်းနားနီးကပ်လာတဲ့ နှုတ်ခမ်းတစ်စုံ။
Ethan.... Ethan Lee ဒီနေရာရဲ့ပိုင်ရှင်တစ်ဖြစ်လည်း လက်ရှိ သူ့ရဲ့ချစ်သူ။ သူ့ဘက်ကတော့ ချစ်ဟန်ဆောင်ထားတယ်ဆို ပိုမှန်လေမလား။ Ethan Leeနဲ့ ပတ်သတ်လာရင် ရှုပ်ထွေးလာတတ်တဲ့ သူ့နှလုံးသားကိုအဖြေမထုတ်ချင်ပါ။
YOU ARE READING
At the end of the parallel lines(HeeHoon)
FanfictionHeeHoon Fanfiction one shot Spring Child Donation Projectတုန်းက ရေးထားတာလေးပါ အဲ့ projectမှာ လှူထားတဲ့သူတွေ အဆင်မပြေရင်ပြန်ဖျက်ပေးပါ့မယ်နော်💗