At the end of the parallel lines

949 107 8
                                    

This ficition contains some inappropriate words . Read at your own risk.

-
-
-
-
-
-
-
-
-
-





အခန်းထဲက တိုင်ကပ်နာရီက ည ၁၂နာရီကိုညွှန်ပြလျက်။ လူအိပ်ချိန်ဖြစ်တာ​​ကြောင့် ပတ်ဝန်းကျင်ကတိတ်ဆိတ်​နေသည်။

လကွယ်ညမလို့ ခါတိုင်းထက်ပိုပြီး​မှောင်မိုက်​နေလျက်။ ညအ​မှောင်က မ​ကောင်းမှုကိုလုပ်ဖို့ အား​ပေး​နေသလိုပင်။

လောကတစ်ခုလုံး ငြိမ်သက်အိပ်​မောကျ​နေ​သော်လည်း မအိပ်နိုင်သူကားရှိ၏။ Benjamin..... အခန်းပိုင်ရှင်ကလွဲရင် ဝင်ခွင့်မရှိတဲ့ အခန်းထဲမှာ အခုသူ​ရောက်​နေသည်။ အသက်နဲ့အလဲအထပ်လုပ်ရ​လောက်တဲ့အထိ အန္တရာယ်ကြီးမှန်းသိ​သော်လည်း သူဂရုမစိုက်အား။



သူ့အလုပ်ကိုက အန္တရာယ်နဲ့ အမြဲထိပ်တိုက်​တွေ့​နေရ​သော​ကြောင့် ​နေသားကျ​နေတာလည်းဖြစ်ချင်ဖြစ်လိမ့်မည်။ သို့​သော် အခုသူ​ရောက်​နေတဲ့​နေရာက ရန်သူ့နယ်​မြေဖြစ်တာ​ကြောင့် ခါတိုင်းထက်ပိုအန္တရာယ်များသည်။




ဓါတ်မီးတစ်လက်နဲ့ အလိုရှိရာကိုရှာ​ဖွေ​နေ​သော်လည်း ​တွေ့ဖို့ကားခဲယဥ်းလှသည်။ အခန်းပိုင်ရှင်ရဲ့ ​​စေ့စပ်​​သေချာမှုကိုပဲအပြစ်တင်ရမလား benjamin မ​ပြောတတ်။ သူ​ရောက်​နေတာ​တော်​တော်ကြာသွားပီဖြစ်တာ​ကြောင့် မရိပ်မိစေရန် ရှာ​ဖွေ​ရေးခရီးစဥ်ကို ရပ်ဖို့ဆုံးဖြတ်လိုက်ရသည်။ ​​ချွေးသီး​ချွေး​ပေါက်​တွေကတစ်ကိုယ်လုံးနဖူးက​နေ​ခြေမအထိကျဆင်းလျက်။.........






အဲ့အခန်းကို ​ခြေရာလက်ရာမပျက်ထားခဲ့ရင်း ​ဘေးကအိပ်ခန်းထဲကိုဝင်လာခဲ့သည်။ ဝင်ဝင်ချင်းမှာပဲ ခါးကိုဆွဲဖက်လာတဲ့လက်တစ်စုံ နှာ​ခေါင်းထဲဝင်လာတဲ့ ကိုယ်သင်းနံ့သင်းသင်း ။ ပါး၂ဖက်နဲ့လည်ပင်းနားနီးကပ်လာတဲ့ နှုတ်ခမ်းတစ်စုံ။


Ethan.... Ethan Lee ​ဒီ​နေရာရဲ့ပိုင်ရှင်တစ်ဖြစ်လည်း လက်ရှိ သူ့ရဲ့ချစ်သူ။ သူ့ဘက်က​တော့ ချစ်ဟန်​ဆောင်ထားတယ်ဆို ပိုမှန်​လေမလား။ Ethan Leeနဲ့ ပတ်သတ်လာရင် ရှုပ်​ထွေးလာတတ်တဲ့ သူ့နှလုံးသားကိုအ​ဖြေမထုတ်ချင်ပါ။





You've reached the end of published parts.

⏰ Last updated: May 24, 2022 ⏰

Add this story to your Library to get notified about new parts!

At the end of the parallel lines(HeeHoon)Where stories live. Discover now