ep-1(Z-U)

271 18 0
                                    

တီ...တီ...တီ.....

ကြယ်လောင်တဲ့နှိုးစက်အသံကအခန်းထဲတွင် ဆူညံနေပင်မဲ့အိပ်ယာ​ပေါ်တွင်ရှိနေသောသူမကတော့ အသေကောင်အလားနှိုးစက်အသံကိုမကြားသည့်အတိုင်အိပ်ပျော်နေစဲဖြစ်ပြီး

ခနအကြာသူမ၏ဖုန်းကပါကြယ်လောင်စွာမြည်လာခဲ့ပြီး သူမကမျက်လုံးမဖွင့်သေးပဲအိပ်ယာပေါ်တွင်ဖုန်းကိုလိုက်စမ်းလိုက်ပြီး ဖုန်းအားရှာတွေ့သွားသည့်အခါဖုန်းကိုကိုင်လာပြီး မျက်လုံးပိတ်လျှက်ပဲ

တစ်ဖက်ကသူအား
"ပြော.."

တစ်ဖက်ကဖုန်းခေါ်ထားတဲ့သူမှာ.
"ရွှယ်ဟွား နင်နည်းနည်းလေးမှယဉ်ကျေးမူ့ကိုမသိတာလား ဖုန်းကိုင်ရင် ဟယ်လိုလို့တော့ပြောလေ တုံးတိကြီး ပြောတဲ့ "

အိပ်ယာပေါ်မှမျက်လုံးတောင်မဖွင့်ရသေးတဲ့ရွှယ်ဟွားသည်။
"ယွဲ့ရာ နင်ငါ့အိပ်ချိန်ကိုမနှောက်ယှက်ပဲနေလို့ရမလား ငါကောင်းကောင်းအနားယူပရစေဟာ.."

တစ်ဖက်က သက်ပြင်းချလိုက်ကာ
"နင်နားချင်တာကိုငါကပေးနားချင်ပေမဲ့ အထက်ကပေးမနားဘူး အမူ့သစ်ရောက်လာတယ် နင်အခင်းဖြစ်တဲ့နေရာကိုသွားစစ်ဆေးပြီးအမူ့ကိုလွဲပြောင်းယူဖို့အမိန့်ကျလာတယ်"

တစ်ဖက်က ယွဲ့ရာပြောတဲ့စကားကိုကြားပြီးသည့်နောက် ရွှယ်ဟွားကသူ့မရဲ့လေးလံနေတဲ့မျက်လုံးတွေကိုအားယူဖွင့်လိုက်ပြီး ကုတင်ပေါ်ကနေထလိုက်ကာ ရေချိုးခန်းကိုသွားပြီးဘေစင်ပေါ်တွင်လက်ကိုထောက်ကမှန်ထဲကသူမကိုယ်သူမကြည့်ပြီး

အလိုမကျစွာမျက်မှောင်ကျုပ်လိုက်ပြီး သူမရဲ့ခြောက်ကပ်နေတဲ့အသံနဲ့
"ငါအခုကားမမောင်းနိုင်သေးဘူး ရှောင်မင်လဲအခင်းဖြစ်တဲ့နေရာကိုသွားရမှာမှတ်လား သူ့ကိုငါ့ကိုဝင်ခေါ်ခိုင်းလိုက်"

"ငါရှောင်မင်ကိုပြောလိုက်မယ်နင်အဆင်သင့်ပြင်ထားလိုက်"

ရွှယ်ဟွားသည်ဖုန်းကိုချလိုက်ပြီးသူမရဲ့ရှုပ်ပွနေတဲ့ဆံပင်များကိုစိတ်ရှုပ်စွာ ကြည့်လိုက်ကာ ထို့နောက်၁၅မိနစ်ကြာပြီးနောက်မှာသူအပြင်သွားဖို့ပြင်ဆင်လို့ပြီးသွားပြီး

အရာအားလုံးစတင်ခဲ့သောကျွန်မ-S2Where stories live. Discover now