ep- 7(Z-U)

93 13 0
                                    

ညနေစောင်းနေဝင်လုဆဲဆဲ အချိန် ရုံးလုပ်သားတွေအကုန်အိမ်ပြန်ရန်လုပ်နေကြပြီဖြစ်ပြီး ရှန်ဟိုင်းမြို့ရဲ့ပင်မှရဲစခန်းမှာတော့

"ငါ့ရဲ့ကြည်နူးစရာအဖွဲ့လေး အားလုံပဲ ဒီနေ့အလုပ်အောင်မြင်တဲ့အထိန်းမှတ်အနေနဲ့ငါနင်တို့ကို ဒကာခံမယ်"

လို့ရွှယ်ဟွားရေရွတ်ပြီးတစ်ပြိုင်နက် ယွဲ့ရာရှောင်မင်နဲ့ကျန်း​ကောတို့အကုန်တတ်ကြွလာကြပြီး အလုပ်တွေအမြန်သိမ်းကာ ရွှယ်ဟွားအနောက်မှမပြေးယုံတမယ်လိုက်သွားကြတော့သည်။

ထို့နောက်....

"ချီးယားး"
လေးယောက်သားတစ်ပြိုင်နက်ခွက်များတိုက်လိုက်ပြီး တစ်ယောက်မကျန်ခွက်ထဲကအရက်များအားကုန်အောင်မော့သောက်လိုက်တော့သည်။

သောက်ပြီးနောက်ရှောင်မင်က စကားစလိုက်ပြီး
"အလုပ်ဘယ်လောက်ပဲမြန်မြန်ပြီးပါစေ ဘာလို့ဒီလို ဘားအကောင်းစားမှာခေါ်တိုက်ရတာလဲ တစ်ခုခုတော့တစ်ခုခုပဲနော်.."

ထို့နောက်ယွဲ့ရာနဲ့ကျန်းကောလဲခေါင်းညှိမ့်ကာထောက်ခံလိုက်ပြီးရွှယ်ဟွားအားမယုံသင်ကာတဲ့မျက်လုံးများနဲ့သုံးယောက်သားတစ်ပြိုင်နက်ကြည့်လာကြတော့သည်။

ရွှယ်ဟွားသည်ခွက်ထဲကလက်ကျန်ကိုမော့လိုက်ပြီး တည်ညိမ်တဲ့လေသံနဲ့
"ဘာကြောင့်မှမဟုတ်ပါဘူး ဒီဘားက ငါ့သူငယ်ချင်းဖွင့်ထားတာလေ ငါဒီကိုလာတိုင်းသူကဈေးတစ်ဝက်ပဲယူတယ် အဲ့တာကြောင့်ငါတစ်ယောက်ထဲလာရင်သူအရှုံးမပေါ်မှာဆိုးလို့ နင်တို့ကိုပါခေါ်လာတာ"

ရွှယ်ဟွားပြောပြီးသည့်တစ်ပြိုင်နက်သုံးယောက်သားနင်သွားကာ
"အဟွတ်.."

"ဖူး..."

ယွဲ့ရာနှင့်​ရှောင်မင်သည် ပါးစပ်ထဲမှအရက်များသီးသွားပြီးကျန်းကောကတော့အရက်နင်နေလို့ရင်ဘက်ကိုမနည်းထုကာဗိုက်ထဲမရောက်ရောက်အောင်မျိုချလိုက်ရတော့သည်။

ထိုအချိန်သူတို့ဝိုင်းနားအား အရမ့်မြင့်မြင့်နဲ့ရုပ်ရည်ခပ်ချောချောလူတစ်ယောက်ရောက်လာပြီး ထိုလူကတော့တခြားသူမဟုတ် ဘားပိုင်ရှင်လေး ရှောင်ဖုန်းသာဖြစ်သည်။

အရာအားလုံးစတင်ခဲ့သောကျွန်မ-S2Onde histórias criam vida. Descubra agora