1.6

424 48 2
                                    

Unicode...

2ရက်ကြာပြီးနောက် ချင်းကျူဆေးရုံကဆင်းလို့ရတဲ့အနေအထားကိုရောက်လာခဲ့ပြီ

ထို2ရက်တွင်း ဟန်ရင်းနဲ့သူ အဆင်ပြေလာသလို သူငယ်ချင်းဆိုတဲ့အဆင့်ကိုလည်းရောက်လာကြာပြီး စနစ်ရဲ့မစ်ရှင်ကပြည့်မြောက်တော့မယ်

"ကျွန်တော်လိုက်မပို့ရဘူးဆိုတာသေချာလား"

ဟန်ရင်းကမေးလာတယ် သူကတော့ အပြုံးကလေးနဲ့ဘဲပြန်တုန့်ပြန်လိုက်တယ်

"ရတယ် ဒီ၂ရက်အတွင်းမင်းလည်းပင်ပန်းရောပေါ့ အိမ်ပြန်ပြီးနားလိုက်ဦး"

"ကောင်းပြီး" ဟန်ရင်းကပြောပြီးကားပေါ်တတ်ကာမောင်းထွက်သွားခဲ့တယ်

ချင်းကျူမောင်းထွက်သွားတဲ့ကားကိုကြည့်ရင်းပြုံးလိုက်တယ် ဟန်ရင်းနဲ့မှ မပြုံးတဲ့သူကစိတ်လိုလက်ရပြုံးတတ်လာတယ် ခဏနေတော့ သူ့driverရောက်လာတယ်

"သခင်ကြီး"

"အင်း"
ဖွင့်ပေးလာတဲ့တံခါးကတစ်ဆင့် ကားထဲဝင်လိုက်တယ်

"ဘယ်ကိုသွားမှာလည်း သခင်ကြီး"

"အိမ်ကိုမောင်း"

"ဟုတ်"

Drive ကသူ့အလုပ်ကိုသူသေချာအောင်လုပ်ပါတယ် ကားက ဖြေးဖြေးမှန်မှန်လေး နဲ့သွားနေတယ် ချင်းကျူ ကား‌ပေါ်မှာထိုင်ရင်းမျက်လုံးခဏမှိတ်လိုက်တယ်
ချူးချူးယင်ကအဲနေ့သူမောင်းထုတ်အပြီးနောက်နေ့တွေကိုလည်းအကြောင်းပြချက်အမျိုး"နဲ့ရောက်လာတယ် သူကလည်း အကြောင်းပြချက်အမျိုး"နဲ့ပြန်ကန်ထုတ်ရတယ်
သူတွေးနေတဲ့အချိန် သူ့ခေါင်းထဲက အသံတစ်ခုကြားလိုက်တယ်

ဒီနှစ်ရက်အတွင်းမော့ဟန်ရင်း နဲ့ အဆင်ပြေနေတာနဲ့ သူ့ရဲ့စနစ်လေးကိုမေ့နေတာ

[ပြန်ကျန်းမာလာလို့ဝမ်းသာပါတယ်]

[အင်း]

[မစ်ရှင်အောင်မြင်တဲ့အတွက် point1000ရရှိပါတယ် လက်ရှိpoint6000ပါ]

[အင်း]

[.....](ကျွန်တော်စကားပြောတာဆယ်လုံးမကဘူးhostက တစ်လုံးပဲပြန်ပြောရလား )

ချင်းကျူအေးစက်စက်သာပြန်တုံပြန်လိုက်သည်နှင့် စနစ်ကဆက်သွယ်ရေးကိုတန်းပိတ်လိုက်တယ်

Male Lend!! Can You Marry Me?? (System)/ခတ္တ်ခဏရပ်နား/Where stories live. Discover now