အပိုင်း ၆ (U&Z)

1.8K 126 0
                                    

(Unicode)

*ကိုကို...ဘာဖြစ်နေတာလဲ...မျက်နှာလည်း မကောင်းဘူး...နေမကောင်းဘူးလား...မှန်းစမ်း...

ဝမ်ရိပေါ်က ရှောင်းကျန့် နှာဖူးပြင်ကို လက်တင်ကာ စမ်းသပ်လိုက်သည်။

*ကောင်းပါတယ် ရိပေါ်...ဘာမှ မဖြစ်ပါဘူး...

ဆေးရုံက ပြန်ရောက်ကတည်းက ရှောင်းကျန့် မျက်နှာ မကောင်း။ မေးရင်လည်း မဖြေသဖြင့် ဝမ်ရိပေါ်  စိတ်ညစ်ရသည်။

*ရိပေါ်...သားက ဘယ်သူ့သားလဲ ဟင်...မင်းရဲ့ သားလား...ကောရဲ့ သားလား...

*ဟင်...

ရှောင်းကျန့် အမေးကြောင့် ဝမ်ရိပေါ် တယောက် စိတ်ညစ်သွားရသည်။ ထို့ကြောင့် အနားမှာ ထိုင်ပြီး ရှောင်းကျန့် လက်နှစ်ဘက်ကို ဆွဲယူကာ ဆုပ်ကိုင်လိုက်သည်။

*ကိုကို...ဘာတွေ တွေးနေပြန်တာလဲ...ခေါင်းကိုက်​ေနဦးမယ်...
သားက...ကိုကိုနဲ့ ကျွန်တော်ရဲ့ သားလေ...ဘယ်သူ့ သားမှ မဟုတ်ဘူး...သိပြီလား...

*ဒါဆို ဟယ်လန်ဆိုတဲ့ အမျိုးသမီးကရော...မင်းနဲ့ ဘယ်လို ပတ်သတ်လဲ...
သူက သားကို မွေးခဲ့တာဆို...

ရှောင်းကျန့် မျက်ဝန်းလေးတွေက ဖျော့တော့နေသည်။ ဝမ်ရိပေါ်က သက်ပြင်း ဖွဖွ ချလိုက်သည်။

*ကျွန်တော်နဲ့ သူက ဘာမှ မဆိုင်ပါဘူး...ဟိုတုန်းကတော့ မိတ်ဆွေ သူငယ်ချင်း ဖြစ်ခဲ့ဖူးတာပဲ ရှိတယ်...အခုလည်း ဘာမှ မဆို်င်ဘူး...ဒါကြောင့် ကိုကို စိတ်မပူနဲ့...ကျွန်တော်က ကိုကို တယောက်ထဲကိုပဲ ချစ်တာ...

*ဒါဆို သားကရော...

*ကျွန်တော်နဲ့ ကိုကိုရဲ့ သားလေ...

*အာ...

ရှောင်းကျန့် ဘယ်လိုပင် မေးမေး ဝမ်ရိပေါ်ရဲ့ အဖြေကလည်း ထူးမခြားနားပင်။ ကြာတော့လည်း ရှောင်းကျန့် မမေးနိုင်တော့။

ပျော်စရာ အတိတ်မှ မဟုတ်ခဲ့တာ ကိုကိုရယ်...အရင်က အကြောင်းတွေကို မေ့ထားလိုက်ပါ...

🖇  🖇🖇  🖇🖇🖇

*ပါးပါး...

ခြံထဲက ပန်းပင်များကြားမှ မြက်ခင်းပေါ် ထိုင်နေတဲ့ ရှောင်းကျန့်ဆီ ဝမ်ကျန့်ပေါ်က အ​ပြေးလာသည်။ ပါးဖောင်းဖောင်း လုံးလုံးလေးတွေနဲ့ သားက ဝမ်ရိပေါ်နဲ့ တူသလို မတူသလို။

Self Secret (လျှို့ဝှက်ချက်) (U&Z) - CompletedWhere stories live. Discover now