အပိုင်း ၁၃ (U&Z)

1.6K 117 2
                                    

(Unicode)

*မုန်းတယ်...မင်းကို ငါ မုန်းတယ်...မင်းက စိတ်ကုန်ဖို့ ကောင်းတယ်...

အိပ်နေရာမှ ရုတ်တရက် ထအော်ကာ ရှောင်းကျန့် နိုးလာခဲ့သည်။

*ငါ့ကို လောင်းကြေး စားကြေး အတွက်လောက်ပဲ...စိတ်ဝင်စားခဲ့တာတဲ့...

တယောက်ထဲ ရေရွတ်ရင်း ရှောင်းကျန့် ရင်ထဲ ဆို့နင့်လာသည်။ စိမ်းသက်တဲ့ ခံစားချက်ကြောင့် အခန်းထဲကို ရှောင်းကျန့် စူးစမ်း ကြည့်မိသည်။

ဟင်...

ခြေရင်း မှန်နံရံပေါ်မှာ မြင်နေရတဲ့ ဓာတ်ပုံကြောင့် ရှောင်းကျန့် လန့်ကာ အိပ်ရာ ခေါင်းရင်းနံရံဆီ ပြန်ကြည့်လိုက်သည်။

ဒါ...

သူနဲ့ ဝမ်ရိပေါ်ရဲ့နံရံပြည့် မဂ်လာဆောင်ဓာတ်ပုံ...
မိမိနှာဖူးပြင်ဆီ ကြင်ကြင်နာနာ နမ်းရှိုက်နေတဲ့ ဝမ်ရိပေါ်...
ကြည်ကြည်နူးနူး အနမ်းခံကာ ရှက်ပြုံး ပြုံးနေတဲ့ မိမိ...
ဝမ်ရိပေါ် ရင်ခွင်ထဲ သူ့တကိုယ်လုံး နစ်မြုပ်နေခဲ့သည်။

*ကောက ယောကျာ်းလေး ​ကြိုက်တတ်ပေမယ့်...ကျွန်တော်ကတော့ မကြိုက်ဘူး...မိန်းကလေးပဲ သဘောကျတယ်...ဒီလိုမျိုးလေးကို...

ရှောင်းကျန့် မျက်ဝန်းထဲ ထိုမြင်ကွင်းတွေ ပြန်ပေါ်လာသည်။ စကားသံတွေ ပြန်ကြားယောင်မိသည်။

*မဟုတ်ဘူး...ဒါ...ဒါ အမှန် မဟုတ်ဘူး...ငါ့ကို...ငါ့ကို လှောင်ပြောင်ချင်လို့ တမင် သက်သက် လုပ်ထားတာတွေ...မနေဘူး...ဒီက ထွက်သွားရမယ်...

ရှောင်းကျန့် တုန်လှုပ်စွာနဲ့ ကုတင်ပေါ်မှ ဆင်းကာ အခန်းထဲမှ ပြေးထွက်ခဲ့သည်။

*အစ်ကိုလေး...ဒီအချိန်ကြီး ဘယ်လဲ...

အခန်းတံခါး ဖွင့်လိုက်တာနဲ့ ကောင်လေးတယောက်က မေးသည်။ လက်ထဲမှာလည်း နွားနို့ ခွက်လေးကို ဗန်းတခုနဲ့ သယ်လျက်...

*မဟုတ်ဘူး...ဘာ​ေတွလဲ...
ငါ...ငါ...ရူးတော့မှာပဲ...မနေဘူး...ငါ ဒီက ထွက်သွားမယ်...ငါ့ကို လှောင်ပြောင်နေမှာ...သူနဲ့ အဝေးဆုံးကို ထွက်သွားရမယ်...

ကောင်လေးကို ကွေ့ရှောင်ရင်း ရှောင်းကျန့် လှေကားဆီ ပြေးသွားလေသည်။

Self Secret (လျှို့ဝှက်ချက်) (U&Z) - CompletedWhere stories live. Discover now