Chapter 6

5.3K 490 13
                                    

Unicode

ထယ်ယောင်းနည်းနည်းတော့ထူးဆန်းသည်ဟုထင်သည်။ဂျွန်နိုင်ငံကြီးမှာမို့လို့ အစေခံတစ်ယောက်ကို ကိုယ်ပိုင်အဆောင်ပေးတာလား...သေချာတာတော့လုံးဝမဖြစ်နိုင်ဘူး။
မီရာကိုမေးကြည့်တော့ ယောကျာ်းလေးအစေခံဦးရေကနည်းတာကြောင့်မို့ပါဆိုပြီးဖြေသော်လည်း ဒါကလဲမမှန်သေး...။ဘာလို့ဆိုထယ်ယောင်းဘေးကအခန်းကဆို ၅ယောက်တောင်မျှအိပ်ရတာလေ....မိန်းကလေးအစေခံအဆောင်ဆိုရင်လူများလွန်းတာမို့ ဟောခန်းထဲတန်းစီအိပ်ကြရတာဟုတောင်ပြောသေးသည်။ဒါတောင်...ကိုယ်လုပ်တော်အစေခံဆောင်မို့လို့သာတော်သေးတယ်ပြောရမယ်..

အရင်ဆုံးမနက်စာစားချိန်မို့ စားဖိုဆောင်မှာသွားတန်းစီရပြီး သူတို့က တတိယအသုတ်မှဖြစ်သည်။ဗိုက်ကလဲဆာသည်။စောင့်ရတာကလဲ ကြာအုန်းမည်။ထယ်ယောင်းနဲ့ မီရာနှစ်ယောက်စလုံး တစ်ယောက်လက်လေးတစ်ယောက်ဆုပ်လို့ တခြားသူတွေရဲ့ပန်းကန်ကိုသာမျှော်ကြည့်နေရတော့သည်။ ထိုစဥ် အနည်းငယ်ပါဝါရှိဟန်တူသည့်အစေခံတစ်ချို့ စားဖိုဆောင်ထဲဝင်ရောက်လာကြသည်။သူတို့ကတော့ တန်းစီစရာတောင်မလို အဆင်သင့်ကြားဖြတ်သွားသော်လည်း မည်သူမျှမပြောရဲ ကြပေ....။ဗိုက်ဆာတာကြောင့်ရော..သူရှေ့မှာအနိုင်ကျင့်နေတဲ့ မြင်ကွင်းကြောင့် ထယ်ယောင်းပြောမည်အပြု ဘေးကဒုံမီရာက လက်မောင်းကိုအတင်းဆွဲထား၏။

"ထယ်ယောင်း..နင်မသွားနဲ့။သူတို့က ကိုယ်လုပ်တော်ယွန်းရဲ့လူတွေ"

တိုးတိုးလေးပြောလိုက်သော်လည်း ထိုအစေခံများက သူတို့နှစ်ယောက်ကို လှည့်ကြည့်လာကြပါသည်။သူများထက် တမူထူးခြားနေတဲ့ထယ်ယောင်းကြောင့်သူတို့တွေချက်ချင်းရိပ်မိသွားကြပြီး အနားကိုရောက်ချလာတော့၏။ထိုမှစ၍ထယ်ယောင်း ရဲ့တစ်နေ့တာအကုသိုလ်ဟာလဲ အတောင့်လိုက်ကို ဝင်သွားပါတော့သည်။

"အိုး...ကြည့်စမ်းပါအုန်းဟယ် သနားစရာကောင်းလိုက်တာ။တစ်ညတာအသုံးချခံရပြီးတာနဲ့ လွှင့်ပစ်ခံလိုက်ရပါကောလား..ဟင်?ကျွတ် ကျွတ် နောက်ဆုံးတော့အဝတ်အစားသုံးထည်နဲ့ အစေခံအဆောင်ထဲပို့ခံလိုက်ရတယ် ခစ်ခစ်ခစ်"

𝑲𝒊𝒏𝒈𝒅𝒐𝒎 𝑶𝑭 𝑱𝑬𝑶𝑵 (Completed) Where stories live. Discover now