ကလေးဆန်တဲ့ဧကရာဇ်အရှင်

4.3K 383 26
                                    

//Extra// (အချပ်ပို ၂) unicode

ဆောင်းတွင်းသို့ကူးပြောင်းလာသည့်ကာလမို့ ရာသီဥတုကသိပ်မမှန်ချင်။ထို့ကြောင့် နဂိုနုနယ်လှသည့်ကိုယ်ခန္ဓာမှာ အပူအအေးတစ်လှည့်စီဖြစ်နေတဲ့ရာသီဒဏ်ကိုမခံနိုင်ပါ.....

တစ်ယောက်ထဲနေတဲ့အချိန်တွေဆို ထယ်ယောင်းမှာ ဘာကိုမှသတိမရတော့ဘဲ ပျင်းရိစွာအချိန်ကုန်တော့၏။

အရှင်ကလဲ သူ့ကိုဂရုစိုက်ပါတယ်လေ....
ဒါပင်မဲ့ ဒီရက်ပိုင်းကိစ္စအသေးလေးတွေကနေပဲ ကတောက်ကဆဖြစ်နေရတယ်...

ရာသီဥတုလေးများ အေးလာလို့လားမသိ အဆွေးဓာတ်ခံလေးက အာဏာပြချင်လာပြီ။ကိုယ်ကချူချာသည်မို့ စိတ်ကလဲ အထိခိုက်လွယ်သည်။

ဒီရက်ပိုင်း နန်းတော်ကြီးကလဲခါတိုင်းထက်အလုပ်ရှုပ်နေသည်မှာသိသာသည်။မင်းသားလေးဝူယောင်းရဲ့ မွေးနေ့မင်္ဂလာ က နောက်အပတ်ဆို ရောက်ပြီမဟုတ်လား....။ဘာလိုအပ်ချက်မှမရှိတဲ့ ဝူဝူးလေးကို ဘာပေးရကောင်းမလဲလို့စဥ်းစားနေတုန်း....ကိုယ်မှာဆောင်ဖို့အတွက် အမွှေးအိတ်လေးတစ်ခု ကိုယ်တိုင် ပြုလုပ်ပေးရန် အကြံရသည်။

ဒါကြောင့်ချည်ထိုးအမွှေးအိတ်တစ်ခုရဖို့ထယ်ယောင်းကြိုးစားနေရပါသည်။မလုပ်တတ်တဲ့အစပိုင်းမှာ ထယ်ယောင်းလက်တစ်ခုလုံး အပ်ပေါက်ရာများဖြင့်ပြည့်နေတော့သည်....။

ဂျွန်နဲ့ရန်ဖြစ်တာ အဲ့အမွှေးအိတ်ကိုလက်ဆောင်ပေးဖို့ပြောရင်းကနေ ထယ်ယောင်းအနာတရဖြစ်မှာဆိုးလို့ ဝမ်ဂျွန်ကတားမြစ်တာကနေစတာဘဲ...။

အခုက ထယ်ယောင်း တစ်ယောက်ထဲ ဝမ်ဂျွန်မသိအောင် ခိုးလုပ်နေခြင်းဖြစ်ပါသည်။

ဒါကြောင့်ဒဏ်ရာတွေကနာတဲ့အကြောင်း အရှင့်ရင်ခွင်ထဲတိုးပြီး ချွဲပြလို့မရတော့ဘူး...ဟင်း..

"ထယ်ဂွန်းငယ်..."

လက်ဖက်ရည်ဆောင်ထဲမှာ မလှုပ်မရပ်ငေးနေပါသော သူ့ကလေးငယ်...။ဂျောင်ကုလာတာကိုမြင်ပုံမရ....။

အနောက်ကနေ ခြုံလွှာတစ်ခုကို ထယ်ဂွန်းလေးကိုယ်ပေါ်ခြုံပေးရင်း သိုင်းဖက်လိုက်တော့မှ ခေါင်းလှည့်လာပါသော ပေါက်စလေး...။

𝑲𝒊𝒏𝒈𝒅𝒐𝒎 𝑶𝑭 𝑱𝑬𝑶𝑵 (Completed) Donde viven las historias. Descúbrelo ahora