🤍Angel Baby🤍

12.5K 1.4K 1.2K
                                    

Angel Babyလေးဟာမြေပြင်ပေါ်ထက်
တကယ်ရှိတယ်ဗျ...။
သက်သေပြုသူက ကျွန်တော်....။

...............

တက္ကသိုလ်မတက်ဘဲတက္ကသိုလ်ရှေ့
ကျောင်းဖွင့်ရက်တွေတိုင်း
ကျောင်းဆင်းချိန်ဆို ဖဲရိုက်နေနေ
အရက်သောက်နေနေ ရန်ဖြစ်နေနေ
မဟုတ်တာအကုန်လုပ်တဲ့ လူမိုက်ပါလို့
နာမည်ကြီးသူကျွန်တော်ဟာ
ဘယ်လောက်အရေးကြီးတာလုပ်နေနေလည်း
အချိန်မှန်ညနေစောင်းဆိုကျောင်းဆင်းချိန်ကို
စောင့်ရတယ်။

၃နှစ်ရှိပြီ။၃နှစ်၃မိုးပေါ့....ကလေးတစ်ယောက်
ကိုကြိုက်နေတာ..။ကြိုက်လို့လိုက်နေခဲ့တာ
၃နှစ်လုံးလုံးပဲ....။
ဒီနေ့ တော့ အဖြေပေးတော့မယ်ဆိုလို့
မြေပေါ်မထိသောခြေလှမ်းတွေနဲ့
လွင့်ခနဲ လွင့်ခနဲ တက္ကသိုလ်ကြီးဆီလာနေတယ်။

အပြတ်ရှိုင်းထားတဲ့ကေအသစ်နဲ့
Shirtအင်္ကျီခပ်ပျော့ပျော့ကိုရင်ဘက်တွေကို
အသာပေးဖော်ထားလိုက်တယ်...။
ကျပ်ကပ်နေတဲ့ဂျင်းနဲ့ ဖိနပ်အရောင်နက်နက်
တွဲလီတွဲလောင်းAccessories တွေကို
ဆင်မြန်းထားကာ လေလေးချွန်လျှက်။

စစတွေ့ချင်းက လူကိုသရဲကြီးလို
အထိမခံ အကြည့်မခံတဲ့ လုံးလုံးပိစိလေး
သည် ရက်ပေါင်း၁၀၀၀လောက်
ကျွန်တော် ယောကျ်ားတို့ဇွဲတွေပြတော့
အချစ်မှာဒူးထောက်သွားရှာပြီ။

စောင့်နေကျ အပင်အောက်စီးကရက်
ဖွာရင်းထွက်အလာလေးကိုမျှော်နေကာ
ချစ်တယ်ပြောတာနဲ့ တကိုယ်လုံးကိုက်စား
ပစ်ဖို့ Planတွေတန်းစီချနေလိုက်တယ်။

နာရီဝက်လောက်အကြာကျောပ်ိုးအိတ်မဲမဲ
လေး Hoody ဖြူဖြူလေးနဲ့ ကြယ်ကမ္ဘာ
တစ်ခုလုံးသူ့မျက်ဝန်းအိမ်ထဲရောက်နေသလို
ဝိုင်းစက်စက်ယုန်ဖြူဖြူလေးသည်ကုတ်ချောင်းချောင်း
ဖြင့်ထွက်လာသည်။
ခေါင်းငိုက်စိုက်ခပ်ဖြေးဖြေးလေး။
ဒီကလေးက အာရုံလည်းနည်းနည်းများတတ်တယ်။

ကျောင်းဆင်းလာပုံလေးကိုသုံးနှစ်လုံး
စောင့်ပြီး ရည်းစားစကားလိုက်ပြောရတာ
အာတွေလည်းညောင်းပြီးဒီနေ့တော့
ပင်စင်ရလောက်ပါပြီ။ရာထူးတိုးလောက်ပြီ
ထင်ပါ့။

You've reached the end of published parts.

⏰ Last updated: Jun 23, 2022 ⏰

Add this story to your Library to get notified about new parts!

🤍Oneshot🤍Where stories live. Discover now