4

10.8K 214 6
                                    

♕ 𝐮𝐧𝐢𝐜𝐨𝐝𝐞 ♕


ပါဝင်သောအကြောင်းအရာအချို့သည်အသက်(၁၆)နှစ်မပြည့်သေးသူများဖတ်ရန်မသင့်တော်ပ



ကျောင်းဝတ်စုံနက်ပြာရောင်ဒူးပေါ်စကတ်အတို။

ဝတ်ဖို့တွေးကြည့်ရုံနဲ့တင်အလိုမကျဖြစ်နေမည့်တစ်စုံတစ်ယောက်ကိုမြင်ယောင်ရင်းစကတ်ကိုင်ထားသောသူမလက်တို့တွန့်သွားသည်။

"ဘယ်မှာလဲ"

ဩဇာပြင်းသောအသံတစ်ခုကြောင့်ပူတူးကိုယ်လေးကျုံ့သွားပြီးစကတ်ကိုခန္ဓာကိုယ်အနောက်ဝှက်လိုက်၏။

"ဘာလုပ်နေတာလဲ"

"အမ် . . . ဟို အမ်"

"မေးနေတယ်"

"ကျောင်းဝတ်စုံစမ်းဝတ်ကြည့်မလို့"

ခန္ဓာကိုယ်အနောက်မှာတစ်ခုခုဖွက်ထားသည်ကိုမြင်နေရသည်ကြောင့်စစ်ထက်ဇွဲနိုင်အလိုမကျ။

သူ့ကိုဖုံးကွယ်ထားတာမျိုးသဘောမကျ။

"အနောက်ကဘာလဲ"

တော်တော်နှင့်ဖြေမလာ။

"မေးနေတယ်"

"ကျောင်းဝတ်စုံစကတ်"

"ဘာလို့ဝှက်ထားတာလဲ"

တုံ့ဆိုင်းဆိုင်းလုပ်နေသောမိန်းကလေးကိုစိတ်မရှည်တော့သည်ကြောင့်လက်ကိုဆွဲယူလိုက်သည်။

စကတ်အတိုကြောင့်သူမျက်မှောင်ကြုတ်လိုက်သည်။

"မဝတ်ရဘူး"

"ကျောင်းဝတ်စုံပါဆို"

နှုတ်ခမ်းပွစိစိလုပ်ကာခပ်တိုးတိုးပြောနေသောတစ်ယောက်ကြောင့်သူ့အောက်ပိုင်းတင်းကျပ်လာသည်။

"စကတ်အရှည်ပြောင်းဝတ်"

"ဒါပင်မဲ့ —"

မိုးကြိုးအကြည့်ပို့လွှတ်လိုက်သောအမျိုးသားကြောင့်ပူတူးစကားတို့လေထဲရပ်တန့်သွား၏။

"သန့်စင်ကိုပြောလိုက် . . . သူစီစဉ်ပေးလိမ့်မယ်"

အခန်းထဲမှလျင်မြန်စွာထွက်သွားသောအမျိုးသားရဲ့ကျောပြင်ကိုကြည့်ကာပူတူးမှိုင်သွားသည်။

ဂွမ်းလုံးWhere stories live. Discover now