MLBB-8

882 120 0
                                    

Unicode

တစ်ယောက်နဲ့တစ်ယောက်ရဲ့ရင်တွင်းခံစားချက်တွေမှာပြည့်လျှံ‌‌နေသော်လည်း အကြောင်းတရားတို့ကိုယ်စီကြောင့်မြိုသိပ်ထားခဲ့ရလေသည် သို့‌ပေသည့် တစ်ယောက်ယောက်ဘက်မှတော့ပွင့်လင်းစွာပြောဖို့လိုပေလိမ့်မည်""
                               

ရိုလာကိုစတာ စီးခြင်း၏အကျိုးသက်ရောက်မှုအနေဖြင့် ဟိုဆော့ အန်နေသည်မှာ မိနစ်အနည်းငယ်မျှပင်ရှိလေသည် 

ထိုမိနစ်ပိုင်းမျှအတွင်းသူ့ဘေးမှ
တစ်ဖွားဝါးမှမခွာကာ ကျောပြင်အား ညင်သာစွာ နှိပ်နယ်ပေးနေသော လက်တစ်စုံမှာလည်း သိပ်ကိုနွေးထွေးမှုရှိနေလေသည်

*hoseok အဆင်ပြေရဲ့လား ရေလေးထပ်သောက်လိုက်ပါအုန်း အန်ပြီးရင် ဟိုနားမှာခနထိုင်ရအောင်*

*ရတယ် ...အဆင်ပြေပါတယ် taehyung ဒါနဲ့ ဘာလို့ဒီမှာရပ်နေတာလဲဟင် *

""စိတ်ပူလို့လေ စိတ်ပူလို့ ရပ်စောင့်ပေးနေတာလေ အရူးလေးရဲ့""" ရင်တွင်းပဲ့သံများထပ်နေသော်လည်း အပြင်သို့တစ်လုံးမှထွက်မလာပါ

*စကားမများနဲ့ ..ပြီးရင် ခနထိုင်ရအောင် *

ပြောရင်းလက်ကနေညင်ညင်သာသာဆွဲခေါ်ကာ အနီးက ထိုင်ခုံတစ်ခုမှာ ထိုင်ခိုင်းလိုက်တဲ့ သူ

*ရေသောက်အုန်းမလား မောနေလား နောက်တစ်ခါမစီးနိုင်ရင်မစီးနဲ့ပေါ့ မင်းကိုဘယ်သူကအတင်းရိုက်ပြီးစီးခိုင်းလို့လဲ*

ပါးစပ်ကလည်းပြောရင်းလက်ကလည်း နဖူးကချွေးစလေးတွေကို သုတ်ပေးနေလေတဲ့ သူ တကယ်ပါ ရင်ထဲမှာ
နုနုဖတ်ဖတ်ပန်းလေးတွေပွင့်လာသလို စိမ့် စမ်းရေ ကိုပဲ သောက်လိုက်ရသလို အေးချမ်းနူးညံသွားတယ်

*ဟင်...မင်းပဲ လာပြောတာလေ မစီးရဲဘူးမှတ်လား ဘလာ ဘလာ ဆိုပြီးတော့လေ...*

လျှာလေးကိုထုတ်ပြီး ပြီးလိုက်ပုံများ မြင်သူတိုင်းအသားယားသွားစေမည်မှာ သေချာသည်

အမှန်တော့ taehyungတစ်ယောက် သဝန်တွေတိုပြီး သွေးတိုးစမ်းသလို မေးလိုက်ခြင်းသာ hoseok အရုပ်ကောက်သွားကောက်သည်မှ စ၍ အနောက်ကနေ taehyungတစ်ယောက် တစ်ကောက်ကောက် လိုက်ခဲ့သည် ဒါကို
ထို အသေးလေးသိလိမ့်မယ်မဟုတ်ပါ

𝗠𝘆 𝗟𝗼𝘃𝗲𝗿 𝗕𝗮𝗱 𝗕𝗼𝘆Where stories live. Discover now