MLBB-29

728 92 44
                                    

Unicode

အရာအားလုံးကိုဘာမှမမြင်ရအောင်လို့မှောင်မဲနေတဲ့မျက်လုံးစည်းတစ်ခုကhoseokအမြင်အာရုံတွေကိုဖုံးကွယ်ထားတယ်

သူဒီလိုတွေမဖြစ်ခင်က ဆိုင်အတွက်ပန်း‌တွေ ရောက်နေ‌ပြီမို့လာယူဖို့messageဝင်လာတာမို့သူသွားယူခဲ့တယ်။ထို‌နေရာမှာရပ်‌စောင့်‌နေတုန်းနှာခေါင်းထဲစိမ်းရွှင်ရွှင်အနံ့တစ်ခုရပြီးတာနဲ့အရာအားလုံးသူ့မြင်ကွင်းထဲကပျောက်ကွယ်သွားတာ..ဘာတွေဖြစ်ကုန်တာလဲ
သူလှုပ်ရှားကြည့်ပေမယ့် သူ့လက်တွေခြေတွေကလှုပ်လို့လုံးဝမရဘူး

"ဘယ်သူရှိလဲ....လွှတ်ပေးပါ... ကယ်ကြပါ...."

ခုံတစ်လုံးပေါ်မှာ ခြေတွေလက်တွေ အကုန်လုံးကို ကြိုးတွေနဲ့ တုပ်နှောင်ထားပြီးမျက်လုံးစည်းပါ စည်းနှောင်ခံထားရတဲ့hoseokက သူ့လွှတ်လိုလွတ်ငြားလက်တွေခြေတွေကိုလှုပ်ရှားနေပေမယ့်ခိုင်မာလွန်းတဲ့ကြိုးတွေက သူ့အသားတွေကိုသာပွန်းပဲ့စေတယ်....လှုပ်ရှားလွန်းလို့အသားတွေပွန်းကာလက်တွေခြေတွေမှာသွေးပင်စို့နေလေပြီ။ ..

"ကလင်!!!...."

ရုတ်တရတ်သူကြားလိုက်ရတဲ့သံချောင်းနှစ်ခုထိခတ်သံ တိတ်ဆိတ်နေတဲ့နေရာမှာထိုသံချောင်းနှစ်ခုထိခတ်သံကhoseokအတွက်ကြက်သီးထစရာကောင်းလွန်းတယ်

"ကယ်ကြပါ...ဘယ်သူရှိလဲ။ ...ဘယ်သူရှိလဲလို့မေးနေတယ်လေ........"

"ဟားဟားဟားဟား!!!!...."

အားကိုးတကြီးနဲ့ကယ်ပေးဖို့အကူအညီတောင်းပေးမယ့်ဟားတိုက်ရယ်မောသံသာထွက်လာတယ်

"ကယ်ပေးရမယ်...နင့်ကိုကယ်ပေးရမယ်ဟုတ်လားjung hoseok.. သတ်ဖို့ဖမ်းလာပါတယ်ဆိုမှ နင့်ကိုကယ်ပေးရမယ်တဲ့လား...."

"Lili... နင်lili မဟုတ်လား......."

"သိပ်မှန်တာပေါ့....."

Liliကပြောရင်းhoseokမျက်လုံးအကာကိုဆွဲချွတ်လိုက်တော့သူ့မျက်လုံးရှေ့တည့်တည့်မှာသူ့ကိုဒေါသတွေထွက်ကာသတ်ပြစ်ချင်နေတဲ့မျက်လုံးတွေနဲ့မိန်းကလေး....

"နင့်ကြောင့်....နင့်ကြောင့် ...ငါ့အနှစ်နှစ်အလလ မျှော်လင့်ခဲ့ရတဲ့လက်ထပ်ပွဲလေးပျက်စီး‌တော့မလို့....နင့်ကြောင့် ...."

𝗠𝘆 𝗟𝗼𝘃𝗲𝗿 𝗕𝗮𝗱 𝗕𝗼𝘆Where stories live. Discover now