- ၂

369 80 33
                                    

Recommend song [Adele - Love In The Dark ]

-


ဘန်ဂျမင် .. ဘန်ဂျမင်
ဘန်ဂျမင်ဆိုတာဟာ မူးယစ်နိုင်တဲ့‌ဆေးတစ်မျိုးပဲ ။
ဘန်ဂျမင်နဲ့ပတ်သက်သမျှတိုင်းက ယစ်မူးချင်စရာ ဝဋ်ကြွေးလှလှလေးတွေချည်းပဲ ။

ဘန်ဂျမင့်ရဲ့အပြုံးမရေးတရေးလေးတွေ
လှိုင်းတွန့်တွန့်ဆံပင်‌ကောက်လေးတွေ
နှာတံရိုးကမှဲ့နက်လေး ၊ ပါးတစ်ဖက်ကမှဲ့နက်လေး ၊ နောက်တော့ညာဘက်နားထင်စပ်နားကမှဲ့နက်လေးတွေ
စိမ့်စမ်းရေစီးဆင်းသံထပ်တောင် ပိုသာယာတဲ့ သူ့ရဲ့စကားပြောသံတွေ ။

ဂျယ်ယွန်းကတော့ ရူးပြီးရင်းရူးနေတော့တာပါပဲ ။
ဒီတစ်ရက်ခွဲလေးအတွင်းမှာတင် ဘန်ဂျမင်က သူ့ကိုရူးသွပ်သွားအောင်လို့ပြုမူနေတာပဲနေမယ် ။
တကယ်ပါ အဝါရောင်ပန်းတွေလှည့်ပွင့်စရာအရပ်သာမရှိတော့ရင် ဂျယ်ယွန်းတော့ငုတ်တုပ်နဲ့ပဲသေသွားလိုက်ဖို့ကိုရွေးမိမယ်ထင်တယ် ။

" ဂျယ်ယွန်း .. "

ပင်လယ်စပ်မှာ အားရသလောက်ရေဆော့ပြီးတော့ ဘန်ဂျမင်ကသူ့အနားကိုပြန်ရောက်လာတယ် ။ ဒူးအပေါ်လောက်ထိရောက်တဲ့ဘောင်းဘီအတိုကိုဘန်ဂျမင်ကဝတ်လာတာပေမယ့် အောက်အဖျားလေးတွေကရေစိုနေတုန်းပဲ ။ နောက်ပြီး နဖူးထိပ်‌ကလေးတွေမှာလည်းရေစိုနေတုန်းပဲ ။

ဂျယ်ယွန်းကတော့ ဘန်ဂျမင့်ရဲ့ဖလင်ကင်မရာကိုအပိုင်သိမ်းပြီး ဘန်ဂျမင့်ပုံတွေအကုန်လိုက်ရိုက်ရင်း ကမ်းစပ်မှာပဲကျန်နေခဲ့တာ ။ ဘန်ဂျမင်သုံးတဲ့ကင်မရာကိုတော့ သဲသောင်ပြင်ပေါ်ချထားတယ် ။ အချိန်အကြာကြီး ဘန်ဂျမင်ကသူ့ပုံတွေကိုယူရိုက်ထားတာမလား ။ တကယ်လို့ .. ဘန်ဂျမင်သာထွက်သွားခဲ့ရင် ဂျယ်ယွန်းအနားမှာ သူ့ရဲ့အငွေ့အသက်တွေများများစားစားကျန်နေစေချင်ပါတယ် ။ အလွမ်းတွေကို သက်မဲ့ပုံတွေနဲ့ဖြေမယ် အချစ်ရယ် ..

" ခေါင်းတွေရေစိုကုန်ပြီ "

ဂျယ်ယွန်းက ကင်မရာကိုလက်တစ်ဖက်တည်းနဲ့ကိုင်ပြီး ဘန်ဂျမင့်ရဲ့နဖူးစပ်က ရေလေးတွေကိုသပ်ချပေးတော့လည်း ခေါင်းလေးငုံ့ပြီး မျက်လုံးလေးမှိတ်ရင်းဇိမ်ခံနေတယ် ။

𝘸𝘢𝘵𝘦𝘳𝘮𝘦𝘭𝘰𝘯 𝘴𝘶𝘨𝘢𝘳 | 𝘫𝘢𝘬𝘦𝘩𝘰𝘰𝘯 ✅Where stories live. Discover now