- ဇာတ်သိမ်း

582 80 34
                                    

Recommend song [ Lana Del Ray - Video Games ]

-

မွေးကတည်းက တစ်သက်လုံးအေးဆေးနေလာတဲ့ မြို့လေးဟာလည်း တစ်စုံတစ်ယောက်ရဲ့ပယောဂတွေနဲ့ ငရဲခန်းသဖွယ်ဖြစ်နေရတာဟာ သူ့အတွက်တော့ကံဆိုးခြင်းပဲ ။ ဘန်ဂျမင်ညပိုင်းလေးအိပ်သွားဖူးခြင်းကို ခံရတဲ့အိပ်ရာလေးမှာတောင် ‌မနေ့တစ်နေ့ကပဲသူ့အငွေ့အသက်တွေရှိနေသလိုနဲ့ ။

နိုးလာတာနဲ့ လွတ်နေတဲ့နေရာကိုတန်းမြင်ရတော့ ဘန်ဂျမင်ရယ်လို့ခေါ်ပြီး လိုက်ရှာမနေတော့ဘူး ။ အိပ်ရာဘေးမှာ ဘောင်သွင်းထားတဲ့ Polaroid ပုံလေးကိုတစ်ချက်ကြည့်ပြီး မင်္ဂလာနံနက်ခင်းပါလို့ တစ်ယောက်တည်းနှုတ်ဆက်ဖြစ်တယ် ။

ငေးငေးငိုင်ငိုင်နဲ့ထထိုင်ပြီး ရာသီတွေပြောင်းသွားပေမယ့် ဘာမှမပြောင်းလဲသွားတဲ့ ဝါးပင်ခပ်အုပ်အုပ်တွေကိုငေးကြည့်ရတယ် ။ အခုဝါးပင်တွေက သူတို့အိမ်ခေါင်မိုးကိုတောင်မှ ကျော်လို့နေပြီ ။ အရိပ်ပိုရပါတယ် ၊ နွေရာသီဆိုလေအေးတွေပိုဝင်တယ် ။ ဒါပေမယ့်သူ့နှလုံးသားကိုတော့ ‌ဘယ်လိုမှမကုစားပေးနိုင်ပါဘူး ။

အစပိုင်းမှာတော့ အရူးလိုပေါ့ ငိုလိုက် ၊ ရယ်လိုက်နဲ့ ။
ဘာရယ်မဟုတ် ထမင်းစားဝိုင်းထဲကြက်ဥကြော်တစ်ပန်းကန်ပါလာရင်လည်း အရူးလိုငိုလိုက်ရပြန်ရော ။ အိမ်ရှေ့ထွက်မိလို့ ခြံတံခါးဝကိုမြင်လိုက်ရရင်လည်း ငိုလိုက်ရပြန်ရော ။

တစ်ယောက်တည်းကျခဲ့ရတဲ့မျက်ရည်တွေ ၊
တစ်ယောက်တည်းကျန်ခဲ့ရတဲ့ အရပ်ဒေသမှာ ..
ဂျယ်ယွန်းက တစ်ယောက်သောသူကိုပဲ တသသ ။

ဘယ်ကလာလို့ ၊ ဘယ်ကိုပြန်မယ်ဆိုတာမသိလိုက်ရတာမို့ စာလေးတစ်စောင်တောင် သူ့မှာပို့ခွင့်မရှိတာ နည်းနည်းတော့ ခံပြင်းစရာပါပဲ ။ ဒါပေမယ့်လည်း ကိစ္စတော့မရှိပါဘူး နေရပ်လိပ်စာသိလည်း သူချရေးတတ်တာက ဘန်ဂျမင်ဆိုတဲ့နာမည်တွေကြီးလေ ။

ထားခဲ့ခြင်းခံရတဲ့ ဖလင်ကင်မရာလေးတစ်လုံးကိုပြန်ဖွင့်ကြည့်လိုက်တာနဲ့ ရိုက်ချက်ယူခံထားရတဲ့ အမျိုးသားမျက်နှာက သွားစွယ်တွေပေါ်နေတဲ့အနေအထားနဲ့မြင်နေရတယ် ။ အလွတ်ရတဲ့အထိကြည့်နေမိတာပေမယ့် အခုထိတော့ အလွတ်မရသေးပါဘူး ။

𝘸𝘢𝘵𝘦𝘳𝘮𝘦𝘭𝘰𝘯 𝘴𝘶𝘨𝘢𝘳 | 𝘫𝘢𝘬𝘦𝘩𝘰𝘰𝘯 ✅Where stories live. Discover now