1(uni)

413 34 0
                                    

လမ်းခွဲကြစို့ ယန်းဂျောင်ဝန်း"

"ဟင်!!! "

ဂျောင်ဝန်းတစ်ကိုယ်လုံး ရှိန်းခနဲဖြစ်သွားသည်။

"လမ်းခွဲကြစို့လို့ပြောနေတာ"

"ဘာလို့လဲ အကြောင်းပြချက်ကဘာလဲ"

"မင်းကိုစိတ်ကုန်သွားလို့လေ မင်းနဲ့တူတူရှိနေရတာ မပျော်တော့လို့"

ပတ်ဝန်းကျင်တစ်ခုလုံးရပ်တန့်သွားသည်။

"ဪ...အဲ့လိုကိုး"

"ကောင်းပါပြီ ကိုကိုကမွ မပျော်တော့ဘူးဆိုမှတော့ ကျွန်တော်က ဘာတတ်နိုင်မှာလဲ လမ်းခွဲကြတာပေါ့"

"မင်းကိုစိတ်ကုန်တဲ့ထဲမှာ အဲ့တာတွေလည်းပါတယ်
အသည်းမာတဲ့ကောင်လေး"

ကိုကိုကသူ့ကို ဘယ်လိုတောင်ဖြစ်စေချင်နေတာပါလိမ့်။

အခုတောင် ခုံအောက်က တုန်နေတဲ့ ခြေထောက်တွေကို သူဘယ်လောက်တောင် ထိန်းချုပ်ထားလိုက်ရသလဲ။

ကျချင်နေတဲ့ မျက်ရည်တွေကို သူဘယ်လောက်တောင် ချုပ်တည်းထားရသလဲ။

ကိုကိုက သူအခုရူးမလိုဖြစ်နေတာကို မသိဘဲ အသည်းမာတယ်လို့ပါပြောနေသေးတယ်။

"ကိုကိုက မဟုတ္ဘူး ပတ်ဂျုံဆောင်းက ကျွန်တော့ကို ဘယ်လိုဖြစ်စေချင်တာလဲ"

"ကျွန်တော်က မျက်ရည်လည်ရွှဲနဲ့ ပတ်ဂျုံဆောင်းကို ဆွဲထားစေချင်နေတာလား"

"ငါ့ကိုလွယ်လွယ်နဲ့ လွှတ်ပေး နိုင်တယ်ပေါ့လေ"

.........

"အင်းလေ တစ်မိုးအောက်တစ်ယောက် ယန်းဂျောင်ဝန်းပဲ လွယ်လွယ်နဲ့ လမ်းခွဲနိုင်တာပါ့ တစ်ခုခုကိုမျှော်လင့်မိတဲ့ ငါကမွားတာပါ"

"ကျေးဇူးပဲ ဂျောင်ဝန်းနား~~~
ငါသွားတော့မယ် နောက်မှတွေ့မယ်"

"လမ်းခွဲထားပြီးတဲ့သူနှစ်ယောက်က ဘာလို့ နောက်ထပ်တွေ့ရဦးမှာလဲ
လမ်းမှာတွေ့ရင်လဲ နှုတ်မဆက်ချင်ပါဘူး ကောင်းကောင်းသွားပါ"

"ဘာ!!! "

"အကြောတင်းလိုက်တဲ့ကလေး"

ကိုကိုကေတာ့ အများကြီး ဒေါသထွက်သွားတယ် ထင်ပါတယ်
ကျွန်တော်က စိတ်ထဲကမပါပေမဲ့ ပြောချင်ရာတွေ ပြောလိုက်မိသည်။

ကိုကိုထြက္သြားမွ မနည်းထိန်းထားရတဲ့စိတ်ကို လျှော့ချလိုက်ရသည်။

သေမလိုပါပဲ။

တစ်လျှောက်လုံးထိန်းထားတဲ့ မျက်ရည်တွေက ကိုကိုသြားမွ တာကျိုးကျသလို ကျလာတော့သည်

ဒုက္ခပါပဲ...ကိုကိုမပါတော့တဲ့ သူ့အနာဂတ်ကို ဂျောင်ဝန်းယောင်လို့တောင် တွေးမထားခဲ့မိပါ...

အဲ့ဒီနေ့က ကော်ဖီဆိုင်ပိတ်တော့မှာမို့လို့ ဝန်ထမ်းအစ်မလာသတိပေးမှ အိမ်ပြန်ဖို့သတိရတော့သည်။

လမ်းကိုလည်း ဘယ်လိုတွေလျှောက်ခဲ့ပြီး ဘယ်သူတွေကိုဝင်တိုက်ခဲ့မိသလဲမသိ အိမ်တောင် ဆယ့်ရှစ်နှစ်လုံးအသွားအပြန်လုပ်နေရ၍ အသားကျနေသောကြောင့်သာ ပြန်ရောက်ခဲ့ခြင်းဖြစ်သည်။

ဖေဖေမေမေတို့ မေးတာတွေလည်းမကြား အိမ်ပေါ်မှ မိမိအခန်းထဲမြန်မြန်ရောက်ချင်စိတ်သာကြီးစိုးနေသည်

သူအိပ်မှဖြစ်မည်။
ကိုကို့အကြောင်းကိုမတွေးမိအောင် မြန်မြန်အိပ်ပျော်မှဖြစ်မည်။သူဒီနေ့ အရမ်းကိုပင်ပန်းနေပြီ သေချင်လောက်တဲ့ထိလေ။

——————————————————

𝐇𝐞𝐥𝐥𝐨 𝐃𝐚𝐫𝐥𝐢𝐧𝐠♡(𝐣𝐚𝐲𝐰𝐨𝐧)Where stories live. Discover now