6(uni)

251 30 0
                                    

ဂျုံဆောင်းဒီနေ့ကျောင်းကိုခါတိုင်းထက် အစောကြီးလာပြီး ကျောင်းနဲ့မျက်နှာချင်းဆိုင်ကကော်ဖီဆိုင်မှာငုတ်တုပ်ထိုင်နေတာတော်တော်ကြာနေပြီ
ကျောင်းပေါက်ဝကို လှမ်းလှမ်းကြည့်ရတာလဲ ဇက်တွေညောင်းလှပြီ
ဂျောင်ဝန်းကို ဆောနူတို့ဆီမရောက်ခင် သူအရင်တွေ့ဖို့လိုတယ် မဟုတ်ရင်စကားခဏပြောဖို့တောင်ခေါ်ဖို့မလွယ်ဘူး

ဂျောင်ဝန်းကသာ သူနဲ့စကားမပြောချင်ဘူးဆို ဂျောင်ဝန်းမိဘတွေထက် အုပ်ထိန်းမှုကောင်းတဲ့ ပတ်ဆောင်းဟွန်းနဲ့ရှင်းမ်ဂျယ်ယွန်းက
သူတို့ကလေးကို စိတ်ဆင်းရဲစေမှုနဲ့ ဂျုံဆောင်းကို နားရင်းအုပ်လိမ့်မယ်။

ဒီ့အပြင် သူငယ်ချင်းကိုအင်မတန်မှချစ်တဲ့ ကင်ဆောနူကလည်းဂျုံဆောင်းကိုစွာဦးမယ် ကင်ဆောနူကဒါဆိုဒါပဲလုပ်တဲ့ သူ့ရည်းစားနီရှီမူရာကပါ အဆစ်ပါဖို့သေချာတယ်။ တကယ်တမ်းတော့ဂျုံဆောင်းဘဝကလွယ်ကူမနေပါဘူး။သနားစရာလေး။

ဂျောင်ဝန်းလေးနဲ့တစ်ခါစကားပြောနိုင်ဖို့ အန္တရာယ်တွေအများကြီးကျော်ဖြတ်ရတယ် အင်မတန်မှခက်ခဲတယ်။

သူ့ကိုယ်သူသနားနေတုန်းမှာပဲသူထိုင်နေတဲ့ကော်ဖီဆိုင်ရှေ့ကို ကားတစ်စီးရပ်လာတယ်။ကားပေါ်ကဆင်းလာတဲ့သူကို သူနည်းနည်းသိတယ်လို့ခံစားနေရတယ်။သေချာကြည့်တော့မှ ဟီဆွန်းဆိုလား ကန်တော့ဆွမ်း(ကန်တော့ဆွန်း)ဆိုလား အဲ့လူဖြစ်နေတယ်။

မတွေ့ချင်တဲ့သူဆိုတအားတွေ့ရတာပဲလို့ စိတ်အချဉ်ပေါက်ပေါက်နဲ့တွေးနေတုန်း ကားတစ်ဖက်ခြမ်းကနေ နောက်ထပ်ဆင်းလာတဲ့သူက ဂျောင်ဝန်း။

သူခြေဖဝါးကသွေးတွေကခေါင်းထိဆောင့်တက်သွားသလိုပဲခံစားလိုက်ရတယ်။သူဒီကိုစောစောလာတာ ဂျောင်ဝန်းကိုဒီလိုတခြားတစ်ယောက်နဲ့တွဲတွေ့ရဖို့မှမဟုတ်ပဲ...။

အခုမှတစ်ခါမှမတွေးဖူးတဲ့အတွေးတွေခေါင်းထဲဝင်လာတယ်။ ဂျောင်ဝန်းကအခုတောင် သူ့ကိုခါးခါးသီးသီးဖြစ်နေတာ
နောက်တစ်ယောက်ကို ပြောင်းပြီးကြိုက်သွားတာမျိုးလဲဖြစ်နိုင်တာပဲမဟုတ်လား။တွေးရင်းနှင့်စိတ်ဓာတ်ကျရပါသည်။
ဂျောင်ဝန်းက သူ့ကိုမမြင် ဟိုလူနဲ့စကားတပြောပြောနဲ့ ပြုံးလို့ရွှင်လို့သူရှိနေသောဆိုင်ထဲသို့ ဝင်လာကြသည်။

𝐇𝐞𝐥𝐥𝐨 𝐃𝐚𝐫𝐥𝐢𝐧𝐠♡(𝐣𝐚𝐲𝐰𝐨𝐧)Dove le storie prendono vita. Scoprilo ora