အန်နီ အခန်းတစ်

9 0 0
                                    

ဆယ့်ရှစ်နှစ်အရွယ်အန်နီ

ကျွန်တော်နှင့်စတွေ့ခါစက အန်နီသည်
ဆယ့်ရှစ်နှစ်။

ကျွန်တော်က သူမကြည့်နေလက်စ တရုတ်ကားထဲက မင်းသားနဲ့တူလို့တော်တော် အံ့သြသွားတဲ့
အကြောင်း အန်နီပြောပြဖူးသည်။

အန်နီက သူ့ကိုယ်သူ အရမ်းလှတဲ့မိန်းမလှလေးတစ်ယောက် မဟုတ်လို့ ယုံကြည်ချက်မရှိဘူးတဲ့။

ကျွန်တော့်အမြင်မှာတော့ ကျောလယ်ထိရှည်လျားတဲ့ အညိုရောင်ဆံနွယ်တွေနဲ့
အန်နီသည် တစ်မျိုးတစ်ဖုံတော့လှပေ၏။

ပြီးတော့ အန်နီက သူ့ကိုယ်သူဝတယ်တဲ့။

ငယ်ရွယ်မှုအရောင်တွေ အနာဂတ်တွေနဲ့
တလက်လက်တောက်ပနေတတ်တဲ့ အန်နီရဲ့မျက်ဝန်းတွေ အပြုံးတွေဟာ နုပျိုမှုတွေအပြည့်။

ကျွန်တော့်ကိုကြည့်ရင်းလည်းပျော်နေတတ်သေးသည်။

ဆယ့်ရှစ်နှစ်အရွယ်အန်နီဟာ သူ့ကိုသဘောကျတဲ့ ကောင်လေးနဲ့ စကားတွေပြောရင်းလည်း
ရယ်နေတတ်သေးသည်။

စာမေးပွဲတွေနီးရင်တော့အန်နီဟာ
တစ်ငိုငိုတစ်ရီရီပါ။

ဒါပေမဲ့ ကျွန်တော့်ကို နေ့တိုင်းငေးဖို့ မမေ့ခဲ့တဲ့ အန်နီပေါ့။

ငယ်ရွယ်ပျိုမြစ်မှုရဲ့ အစိမ်းလန်းအတောက်ပဆုံး
အရွယ်။

အဲ့ဒီအရွယ်မှာ အန်နီကကျွန်တော်နဲ့ဆုံခဲ့သည်။

အဲ့ဒီလိုဆုံခွင့်ရခဲ့တာလေးကိုပင် ကျေနပ်သည်တဲ့
ကျွန်တော့်ရဲ့ အန်နီက။

ချစ်သောအန်နီထံသို့Where stories live. Discover now