အန်နီ အခန်းနှစ်

3 0 0
                                    

ဆယ့်ကိုးနှစ်အရွယ်အန်နီ

အန်နီက ကျွန်တော့်ကိုချစ်ပါသတဲ့။

အန်နီသဘောကျနေသလို အန်နီ့ကိုလည်းသဘောကျနေတဲ့ကောင်လေးကို အန်နီက
ငြင်းပစ်တော့မလို့တဲ့လေ။

ကျွန်တော့်ကို ချစ်လွန်းလို့တဲ့။

ထိုကောင်လေးက အန်နီ့ကိုတော်တော်လေး
သဘောကျနေလည်း အန်နီက ထိုအချိန်မှစ
ကျွန်တော်ကလွဲရင် ဘယ်သူ့ကိုမှ ချစ်မရဘူးလို့
ကြွေးကြော်တော့သည်။

အန်နီက တစ်ခါတစ်လေ ပေါက်ကရတွေသိပ်လုပ်တတ်သည်။

မပြောင်းလဲတာတစ်ခုက အန်နီ
ကျွန်တော့်ကြောင့် ပျော်ရွှင်နေရတုန်းဆိုတာပဲ။

လူဆိုးမလေး အန်နီက စာမေးပွဲခန်းမှာ
အိပ်ငိုက်တယ်တဲ့။

အကုန်ကျွန်တော့်ကြောင့်ဆိုပဲ။

ကျွန်တော်နဲ့ကောင်မလေးတစ်ယောက်ကို
အတူတူတွဲမြင်လိုက်ရတာကြောင့် တစ်ညလုံးငိုလိုက်ရလို့တဲ့။

ပြောခဲ့တဲ့အတိုင်းပဲ ပေါက်ကရတွေ
လျှောက်လုပ်တဲ့ အန်နီပေါ့။

ကဗျာတွေစာတွေဖတ်ရင်းလည်း ငိုတတ်တဲ့
အန်နီပါ။

ထပ်ပြီးသိလိုက်ရတာက အန်နီက
သိပ်ကိုအငိုသန်တယ်ဆိုတာပဲ။

အကုန်လုံးကိုလည်း ကျွန်တော့်ကြောင့်လို့
အန်နီက တစ်ဖွဖွခေါင်းစဥ်တပ်တတ်သည်။

အဲ့ဒီလို အန်နီပါ။

You've reached the end of published parts.

⏰ Last updated: Jun 14, 2022 ⏰

Add this story to your Library to get notified about new parts!

ချစ်သောအန်နီထံသို့Where stories live. Discover now