"အတ္တတံဆိပ်ငြိုးမာန်ပြယ်စေသောဝ်💥"
Part (7)
------------
------------အနီရောင်ရှုပ်အင်္ကျီလက်ရှည်ကို ရင်ဘတ်မှာကြယ်သီးသုံးလုံးဆင့်ဖွင့်ထားတဲ့ ဗဟု ဆိုဖာပေါ်မှာထိုင်နေရင်း
စတိုင်ပင်အနက်ရောင်ဝတ်ထားတဲ့ သူ့ခြေထောက်တွေကို အရှေ့က စားပွဲပေါ်တင်ထားကာ လက်ထဲက ပိုက်နဲ့ WYကိုအပူပေးကာ ထွက်လာတဲ့အငွေ့ကိုရှုရှိုက်ထားမှုကြောင့် ဆိုဖာပေါ်မှေးနေဆဲ...
ထို့နောက် ဆေးပိုက်ကိုပြန်ကိုင်လိုက်ပြီးဆေးထပ်ရှုလိုက်စဉ်"ဗဟု!!"
ဆေးရှုနေတဲ့ ဗဟုကိုကြည့်ပြီး မင်းမြတ်တစ်ယောက်ပြောသင့် မပြောသင့်စဉ်းစားလိုက်မိသည်...
ဒီအကြောင်းက ဗဟုအတွက်မပြောမဖြစ်သလို ပြောလိုက်ပြန်ရင်လဲဗဟုရဲ့ဒေါသကိုသိနေသူမို့ မင်းမြတ်ပြန်စဉ်းစားနေခြင်းပင်..."ဗဟု ငါ ပြောပြမယ်...တစ်ခုပဲ မင်းသေချာတော့လုပ်ပေါ့ကွာ!!"
မင်းမြတ်တွေးတွေးစစပြောနေပေမဲ့ ဗဟုကတော့ ဆေးပိုက်ကိုသာစိတ်ဝင်စားကာ ဆေးရူနေသည်ပင်...
ဒီနေ့က ကျောင်းပိတ်ရက်ဖြစ်သည်မို့ ဆေး အေးဆေးသုံးကာ ညဉ့်နက်မှပြန်ဖို့သူဆုံးဖြတ်ပြီးသား..."မင်း ထနောင်းအိမ်ကိုသိလားဗဟု!!"
"No!!"
တကယ်လဲသူ မသိ...
သူက သူ့အကြောင်းနဲ့သူမအကြောင်းကလွဲရင် မည်သူတစ်ဦးတစ်ယောက်အကြောင်းမှစိတ်မဝင်စား...
ဆေးပိုက်ကိုချကာ ဆိုဖာပေါ်ခန္ဓာကိုယ်ကိုလျှောချလိုက်ရင်း သူ့မျက်လုံးတွေကိုမှေးထားနေသည်..."Math third year Kingထနောင်းအိမ်လေ!!ပါချုပ်သား မင်းမသိဘူးလား...!!"
"မင်းပြောချင်တာဘာလဲ!!"
"ထနောင်းအိမ်ကို ဆုလာဘ်သဒ္ဒါအနားမှာတွေ့တာ ၂ခါမကတော့ဘူး ဗဟု!!"
"ဘာ!!"
မင်းမြတ်စကားကြောင့် ဆေးအရှိန်နဲ့မှေးနေတဲ့သူ့မျက်ဝန်းတွေချက်ချင်းဆိုသလိုပွင့်လာလေသည်...
"မင်းပြောလိုက်တာ ဘာ..."
"ဟုတ်တယ် ဗဟု...သဒ္ဒါအနားမှာ ထနောင်းအိမ်ကိုခဏခဏတွေ့တာ...မင်းသိသင့်တယ်ထင်လို့!!"
YOU ARE READING
အတ္တတံဆိပ် ငြိုးမာန်ပြယ်စေသောဝ်💥(Complete)(Unicode)
Romance"အတ္တတစ်ခုကြောင့်ဖြစ်ပေါ်လာတဲ့ရယူပိုင်ဆိုင်လိုစိတ်နဲ့အနိုင်ယူလိုစိတ်ကို ကျေးဇူးပြုပြီးအချစ်လို့ခေါင်းစဉ်မတပ်ပါနဲ့လား သခင်" ***ဆုလာဘ်သဒ္ဒါ***