Part(22)

5.4K 170 6
                                    

"အတ္တတံဆိပ် ငြိုးမာန်ပြယ်စေသောဝ်"

Part(22)

"ဒေါက်!!ဒေါက်!!"

"ဝင်ခဲ့!!"

သဒ္ဒါ တံခါးကိုဖွင်ကာ သခင့်ရုံးခန်းထဲဝင်သွားလေတော့သည်။အပေါ်က ကုတ်အင်္ကျီကိုချွတ်ထားပြီး ရင်ဘတ်မှာကြယ်သီးနှစ်လုံးဖြုတ်ထားတဲ့ အနီရောင်ရှပ်အင်္ကျီကို လက်တစ်ဝက်ထိခေါက်တင်ကာ လပ်တော့နဲ့အလုပ်ရှုပ်နေတဲ့သခင့်ပုံစံက ဆွဲဆောင်မှုရှိနေသလို။ဆံပင်အကုန်လုံးကိုဘေးတိုက်ပုံစံခွဲထားသည်မို့ ဘေးဘက် ဆံပင်စတစ်ချို့ကနဖူးပေါ်အနည်းငယ်ကျနေလေသည်။
ယောက်ျားလေးတန်မဲ့နီစွေးစွေးနှုတ်ခမ်းတွေကလဲ အရင်ကအတိုင်းပါပဲ။

"အဟွန်း...ငါ့ကိုကြည့်လို့ဝပြီလား သဒ္ဒါ!"

"အို....!!"

ရုတ်တရက် ခေါင်းမော့လာပြီး သဒ္ဒါ့ မျက်ဝန်းကိုတွေကိုစူးရဲရဲကြည့်ကာ မေးလိုက်တဲ့သခင်ကြောင့် သဒ္ဒါ မျက်နှာလေးရဲသွားရသည်။

"အဟင်း...နင်အလုပ်မရှိဘူးဆို ဆိုဖာပေါ်မှာထိုင်ကြည့်လေ..ငါနင့်အတွက် ရူပါဒါန ပြုပေးမယ်!!"

"အို..ဘာကိစ္စငါကနင့်ကိုကြည့်ရမှာလဲ!!"

သဒ္ဒါတစ်ယောက်ရှက်ယမ်းယမ်းကာ အသဲအသန်ငြင်းရင်း ခေါင်းငုံ့ထားတာကလဲ မြေကြီးကိုထိဝင်တော့မလိုပင်။

"အဟင်း...ငါကစတာပါ သဒ္ဒါရာ!!"

"နင် ငါ့ကိုဘာလို့ခေါ်တာလဲ!!"

"ဟ...ဝန်ထမ်းက ဥက္ကဠကြီးကို ပြောတာရင့်လှချည်လား...မသိရင် T&T ဉက္ကဠကတော်ကျနေတာပဲ!!"

"သခင်!!"

သဒ္ဒါ့လေသံမာသွားသည်နှင့် သခင်ကတော့ သူ့ပါးချိုင့်လေးတွေခွက်ဝင်သွားသည်အထိ
ရီလေတော့သည်။သခင်က စလေ သဒ္ဒါက စိတ်ဆိုးလေပင်။

"နင် ပြောစရာမရှိရင် ငါအလုပ်သွားလုပ်တော့မယ်!!"

"ဟာ..နေပါဦး ငါပြောစရာရှိလို့ ခေါ်တာ!!"

"ဘာပြောမှာလဲ.. ပြော!"

"ငါ Xtraကုမ္မဏီဉက္ကဠနဲ့ချိန်းထားတာရှိတယ်...နင်လိုက်ခဲ့!!"

အတ္တတံဆိပ် ငြိုးမာန်ပြယ်စေသောဝ်💥(Complete)(Unicode)Where stories live. Discover now