"မောင့်သခင်မ နေခြည်ထိပ်ထား♡"
Part (17)
---------------
---------------သူ့ဘေးနားမှာ မျက်နှာထားတည်တင်းကာ မလှုပ်မယှက်ထိုင်နေသည်က နေခြည်ထိပ်ထား
တခြားမိန်းကလေးသာ သူမ နေရာမှာဆို ရှိုက်ကြီးတငင်ငိုတာတွေ သူ့ကိုထရိုက်တာတွေလုပ်နိုင်ပေမဲ့ သူမကတော့ အဲ့လိုတွေမလုပ်
■အဟက်!!
ဒါပဲလေ...
ဒါမှ သူသိခဲ့တဲ့ နေခြည်ထိပ်ထားပုံစံအစစ်ပဲလေ...
သူ့အရှေ့မှာ ငိုမလား သေမလား မေးရင် သေမယ်ဆိုတဲ့မိန်းမမျိုး...သေရင်တောင် မာနကိုပိုက်ပြီး ငါးစင်ရိုင်းလိုဆူးတောင်ကားပြီးသေမဲ့မိန်းမဆိုတာ နေခြည်ထိပ်ထားလိုမိန်းမမျိုးကိုပြောတာ...
"ကျုပ်မင်းကိုတာဝန်ယူမယ်!!"
ဖြစ်သွားတဲ့ကိစ္စထိပ်ထား မငိုမိပါ...
အရှက်မရှိတော့ရင် အနည်းဆုံးတော့ ဒီလူယုတ်မာ အရှေ့မှာ မငိုပဲနဲ့လက်ကျန်မာနတွေကိုထိန်းသိမ်းထားသင့်သေးတယ်မှတ်လား..."မလိုဘူး!!"
"ဘာပြောတယ်??"
မငိုတာတွေ ဘာတွေ သူနားလည်ပေးလို့ရပေမဲ့
ဒါကဘာရူးနှမ်းမှုမျိုးလဲ....
ယောက်ျားလေးဘက်ကတာဝန်ယူပါ့မယ်ဆိုတာတောင်သူမဘက်က လက်မခံ...ထိပ်ထား အဝတ်တွေကို ကုတင်ပေါ်မှာတင်အဆင်ပြေအောင်ပြန်ဝတ်ကာ ကုတင်ပေါ်ကအဆင်းတွင်
"မင်းခေါင်းမာနေတာတွေလျော့ပြီး ကျုပ်စကားကိုလက်ခံလိုက် နေခြည်ထိပ်ထား!!"
"ကျွန်မကလဲ ရှင့်ကိုတစ်ခွန်းပဲပြောလိုက်မယ်!!ရှင့်လိုမုဒိမ်းကောင်ဆီက တာဝန်ယူမှုတာဝန်ခံမှုတွေကို အပ်တစ်ချောင်းစာတောင်ကျွန်မ မလိုအပ်ဘူး!!"
"အာ့ဆို မင်းကကြုံကုန်း!!"
ထိပ်ထားချက်ချင်းဆိုသလို သူ့ဘက်ကိုပြန်လှည့်လာသည်က
သူ့ကို သာဝါးစားလို့ရရင် တဂျွတ်ဂျွတ်မြည်အောင် အစိမ်းလိုက်ဝါးစားမဲ့မျက်နှာမျိုးနဲ့ပင်...သူ အဝတ်တွေပြန်ဝတ်ကာ ကုတင်ပေါ်ကဆင်းပြီး သူမ အရှေ့တည့်တည့်ကို လျှောက်လာလိုက်သည်
YOU ARE READING
မောင့်သခင်မ နေခြည်ထိပ်ထား(Complete)(Unicode)
Romanceဇီးကုန်းသာရွာကပဲပြုတ်သည်သား "ဖိုးတော်"ဆိုတဲ့ကောင်လေးတစ်ယောက်က သူတို့ရွာကိုအလည်လာတဲ့ အခြေကြီးပြီးဝုဏ်သတင်းမွှေးတဲ့ "နေခြည်ထိပ်ထား"ဆိုတဲ့ ကောင်မလေးကိုချစ်မိသောအခါ.....