Part(27)OR(Final Part)

14.4K 311 6
                                    

"မောင့်သခင်မ နေခြည်ထိပ်ထား♡"

Part (27)
......OR.....
Final Part
----------------
----------------

သူတို့စီးလာတဲ့ကား စံအိမ်ရဲ့အရှေ့တည့်တည့်မှာရပ်လိုက်သည်နှင့်....
ကားအနားအပြေးအလွှားရောက်ရှိလာသည်က အစေခံများ....

သူ့ပေါင်ပေါ်မှာ အိပ်မောကျကာ အခုထိမနိုးသေးတဲ့ ထိပ်ထားကိုယ်လုံးလေးကိုပွေ့ချီလိုက်ပြီး
သူစံအိမ်ထဲဝင်ချလာလိုက်သည်

"အိမ်တော်ထိန်းကို ကျုပ်အခန်းကိုလွှတ်လိုက်!!"

"ဟုတ်ကဲ့ပါ အရှင်!!"

သူထိပ်ထားကိုပွေ့သွားကာ သူ့အခန်းရှိရာ အပေါ်ထပ်ကိုခေါ်လာခဲ့လိုက်သည်...

အစေခံတွေကလဲ သူ့အရှေ့ကနေပြေးသွားကြကာ အခန်းတံခါးဖွင့်ပြီး အိပ်ယာကိုပြင်ဆင်လေတော့သည်
သူထိပ်ထားကို မွေ့ယာကိုအသာအယာလေးချလိုက်ပြီး စောင်လေးခြုံပေးကာ ထိပ်ထားနားမှာထိုင်နေလိုက်သည်

"ကျွန်မရောက်ပါပြီ အရှင်!!"

"မယ်တော်ကြီးရော!!"

"မယ်တော်ကြီး သူ့အခန်းမှာရှိပါတယ် အရှင်!!"

"ထိပ်ထားအတွက် စွတ်ပြုတ်လေးတစ်မျိုးပြုတ်ထားပေးပါ...ပြီးတော့ ဆေးရုံအုပ်ကိုလဲခေါ်ထားပေး...ထိပ်ထားအစေခံကောင်မလေးတွေကိုလွှတ်လိုက်!!"

"ဟုတ်ကဲ့ပါ အရှင်!!"

အိမ်တော်ထိန်းပြန်ထွက်သွားသည်နှင့် သူ ထိပ်ထားလက်ကလေးကိုကိုင်ကာ

■အိပ်ယာနိုးရင်တော့ မောင့်ကိုတော်တော်လေးစိတ်ဆိုးနေမယ်ဆိုတာ မောင်သိပါတယ်....
ဒါပေမဲ့....
မောင့်မှာရွေးချယ်စရာနည်းလမ်းမရှိတော့လို့ပါ ထိပ်ထားရယ်!!

ထိပ်ထားကို အစေခံကောင်မလေးတွေနဲ့ထားကာ သူ ထိပ်ထားအတွက်လိုအပ်သည်များကို ပြင်ဆင်ပေးနေမိသည်

"ဒေါက်!! ဒေါက်!!"

"ဝင်ခဲ့!!"

"အရှင်!!မယ်တော်ကြီး အခေါ်လွှတ်လိုက်ပါတယ်!!"

"အင်း!!!"

အစေခံကောင်မလေးသူ့ကိုခေါင်းငုံ့အရိုအသေပေးကာ ပြန်ထွက်သွားသည်မို့ သူ ထိပ်ထားအနားကိုထပ်လာခဲ့သည်

မောင့်သခင်မ နေခြည်ထိပ်ထား(Complete)(Unicode)Where stories live. Discover now