Chapter 60

6.9K 1.3K 24
                                    


|| Unicode ||

ထုံချေ့လုပ်ရပ်သည် တော်တော်လေး မထင်မှတ်စရာကောင်းသလို သူ့လက်ကောက်ဝတ်မှာရှိသည့် အမာရွတ်ကဆိုလျှင်ပိုလို့တောင် မထင်မှတ်ထားသည်ဖြစ်​၏။

ရှောင်ချီလဲ အံ့အားသင့်သွားသည်မှာ သိသိသာသာပင်။သူမဟာ မသိလိုက်ပါဘဲ ဓားကို ဘေးပစ်ချလိုက်မိသည်အထိ။သူမသည် အမာရွတ်တွေ အစစ်ဖြစ်တာဟုတ်မဟုတ်ကို အတည်ပြုနေသလို ထုံချေ့လက်ကောက်ဝတ်အား ဖွဖွလေး ထိကြည့်လာခဲ့သည်။

Omegaတွေရဲ့ အသားအရေသည်ကား သဘာဝအလျောက်ပင် နူးညံ့ချောမွေ့ပြီး အထူးသဖြင့် ဖျော်ဖြေရေးနယ်ပယ်၌Foundation ကောင်းကောင်းနဲ့ သူ့ကိုယ်သူ ဂရုစိုက်တတ်သူ ထုံချေ့လိုလူမျိူးဆိုလျှင် ပိုဦးမည်ပင်။

သို့ပေမယ့် ရှောင်ချီ့ လက်ချောင်းတွေအောက်ရှိ အရေပြားကတော့အစိတ်အပိုင်းလေးကတော့ မညီမညာဖြစ်နေကာအရမ်းလဲ ကြမ်းရှနေခဲ့​၏။

ရှောင်ချီသူ့လက်ကောက်ဝတ်ကို ခဏလောက်ထိလိုက်ပြီးသည့်နောက်မှာတော့ သူ့လက်ကောက်ဝတ်က တစ်ဖန် တသိမ့်သိမ့်တုန်လာခဲ့လေသည်။

ရှောင်ချီမှာ သူမ ခံစားချက်တွေတောင် မေ့သွား၍ လန့်ကာ လက် အမြန်ပြန်ရုတ်ပြီး ထုံချေ့ကို စိုးရိမ်တဲ့အမူအရာနဲ့ ကြည့်လာခဲ့သည်။ "ရှောင်ချေ့ကောကော,လက်က ဘာဖြစ်နေတာလဲ...?"

ရှောင်ချေ့က သူမအား နှစ်သိမ့်သလို ပြုံးပြပြီး တုန်နေဆဲ သူ့ဘယ်လက်ကို ပြန်ရုတ်လိုက်သည်။ ညာဘက်နဲ့ ပွတ်သပ်ရင်းနှစ်ခါလောက် ဖိပေးနေကာ ရှင်းပြလာခဲ့သည်။ "အာရုံကြောတွေ ပျက်စီးနေတော့ အားစိုက်ရတာတွေကို မခံနိုင်ဘူးလေ "

ရှောင်ချီက ခေါင်းငုံ့၍ လှုပ်ရှားနေသည်များကိုကြည့်ရင်း အချိန်အတော်ကြာပြီးခါမှာ အသံတိုးတိုးလေးဖြင့် မေးလာ​၏။"အဲ့ဒါက... လက်ကောက်ဝတ်ကို လှီးခဲ့ဖူးလို့လား?"

"အဲ့ဒါကလဲ အကြောင်းရင်းတွေထဲက တစ်ခုပေါ့ " ထုံချေ့လေသံမှာ သူပြောနေသည့်အရာက သူနဲ့မသက်ဆိုင်သလိုပေါ့ပါးနေခဲ့သည်။ "နောက်တစ်မျိူးကတော့ ငါ......အဖေဆီကနေ ဒီလက်ကောက်ဝတ်ကို တုတ်နဲ့အရိုက်ခံခဲ့ရတာပဲ "

ကျွန်တော်ကခင်ဗျားရဲ့ ဖယ်ရိုမုန်းကိုပဲတောင့်တရုံလေး  ||Completed||Donde viven las historias. Descúbrelo ahora